ထွေရာလေးပါး ဖါးအောက်သား မှ လှိုက်လှဲစွာကြိုဆိုပါသည်။

Monday 29 July 2013

ကွန်ပျူတာနှင့်မိုဘိုင်းဖုန်းမှတဆင့် မြ၀တီရုပ်မြင်သံကြား Channel ကိုကြည့်ရှုနိုင်မယ့် နည်း


သတိ "မြန်မာနိုင်ငံတွင် အင်တာနက်သုံးသူများ မပါ"  :-P

ကွန်ပျူတာကနေ မြ၀တီရုပ်မြင်သံကြား Channel ကိုကြည့်ရှုနိုင်မယ့် နည်းဖြစ်ပါတယ်။ အင်တာနက်ကွန်နက်ရှင်ရှိဖို့ပဲလိုပါတယ်။ တစ်ကမ္ဘာလုံးကနေ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ လုပ်နည်းကိုအောက်မှာဆက်လက်ဖတ်ရှုပါ။


အရင်ဆုံးလိုအပ်တဲ့ ဆော့ဝဲဖြစ်တဲ့ VLC Player ကိုအောက်က link မှာရယူလိုက်ပါ။

www.videolan.org/vlc/download-windows.html

Download လုပ်ပြီးလျှင် VLC Player အားကွန်ပျူတာမှာ install လုပ်ထားပါ။


မြဝတီ Live ကြည့်ရှု့ရန်အတွက် VLC Player တွင် အောက်ပါအတိုင်း ပြင်ဆင်ပြီး ကြည့်ရှု့နိုင်မည်ဖြစ်သည်။ 
အဆင့်(၁)
VLC Player ၏ Menu Bar မှ Tools > Preferences အတွင်းသို့ ဝင်ရောက်ပါ။

Prefence Windows ပေါ်လာသောအခါ ဘယ်ဘက် Pannel အတွင်းတွင် ရှိ အနီဖြင့် ပြထားသော Input & Codes ကို ကလစ်ပြုလုပ်ကာ ညာဘက် Pannel အတွင်းရှိ အနီဖြင့်ပြထားသော HTTP Proxy URL နေရာတွင် ဖုန်းလိုင်းဖြင့် အသုံးပြုခြင်းကြောင့် ဖုန်းလိုင်း Internet သည် No Proxy ဖြစ်သည်။ ထို့ကြောင့် ယခင်ရှိနေသော Proxy လိပ်စာကို ဖျက်ပစ်ရမည် ဖြစ်သည်။

ထိုသို့ ဖျက်ပြီးပါက Save ပြုလုပ်ပေးရမည် ဖြစ်ပါသည်။
အဆင့် (၂)
အောက်တွင် ပြထားသည့်အတိုင်း VLC Player Menu Bar မှ Media Menu ကို ကလစ်ပြုလုပ်ကာ ပေါ်လာသော Drop Drown Menu မှ Open Network Stream ကို ကလစ်ပြုပါ။

အဆင့် (၃)
ပေါ်လာသော Open Media Windows မှ Please enter a network URL: နေရာတွင် ပုံတွင်ပြထားသည့်အတိုင်းhttp://www.myawaddy.net.mm/mwdlive ကို ထည့်သွင်းကာ Play ပြုလုပ်ပါ။


ထို့နောက် မြဝတီ တိုက်ရိုက် (MWD Live) ကို ကြည့်ရှု့ နိုင်မည်ဖြစ်ပါသည်။



 
မိုဘိုင်ဖုန်းဖြင့်ကြည်ရှုလိုပါက Google playstore တွင် VPlayer ကိုdownload လုပ်ပါ
လုပ်ဆောင်နည်းကတော့ အထက်ပါအတိုင်းဖြစ်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဆက်သွယ်ရန်

foxyform