ထွေရာလေးပါး ဖါးအောက်သား မှ လှိုက်လှဲစွာကြိုဆိုပါသည်။

Friday 2 August 2013

အငြင်းပွားဖွယ်ရာ မြန်မာ ယူ-၂၃ ပဏာမ လူစာရင်းထွက်ပေါ် ပြီ

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ၂ရကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နိုင်ရန်အတွက် မြန်မာယူ-၂၃အသင်း၏ ပဏာမ ကစားသမား ၃၀ ဦးစာရင်းအား ထုတ်ပြန်ကြေညာခဲ့ရာ တန်းဆင်း သွားခဲ့ရသော ရခိုင်ယူနိုက်တက် အသင်းမှ သုံးဦးနှင့် ဟံသာဝတီ ယူနိုက်တက်အသင်းမှ နှစ်ဦး ပါဝင် လာခဲ့သော်လည်း လာမည့်နှစ်တွင် AFC Cup ပြိုင်ပွဲဝင်ခွင့်ရရှိခဲ့သော နေပြည်တော်အသင်းမှ ကစား သမားများပါဝင်လာခဲ့ခြင်းမရှိ ရာအငြင်းပွားဖွယ် ဖြစ်နေသည်။

ယင်းကစားသမားများ အား မြန်မာအသင်းနည်းပြ ပတ် ဆောင်ဟွာ၏ ရွေးချယ်မှုဖြစ်သည် ဟု ဘောလုံးအဖွဲ့ချုပ်မှ ဖော်ပြခဲ့ သော်လည်း ပတ်ဆောင်ဟွာအနေ ဖြင့် မြန်မာနေရှင်နယ်လိဂ်ပြိုင် ပွဲများအား လာရောက်ကြည့်ရှုမှု နည်းပါးကြောင်းသိရသည်။

နေပြည်တော်အသင်းမှ တာဝန်ရှိသူတစ်ဦးက ''ကျွန်တော် တို့အသင်းက ဒီနှစ်ပြိုင်ပွဲမှာ ဒုတိ ယနေရာရရှိခဲ့ပြီး အသက်-၂၃နှစ် အောက်ကစားသမားတွေလဲ အ များကြီးရှိပါတယ်။ ဒါပေမဲ့ ဘာလို့ မရွေးချယ်တာလဲဆိုတာကတော့ မပြောတတ်ပါဘူး။ သူ့ကစားကွက် နဲ့ အံမဝင်လို့ပဲထင်ပါတယ်။ ပတ် ဆောင်ဟွာက ရွေးချယ်တယ်ဆိုပေ မယ့် ကျွန်တော့်အထင် အရင်က တည်းကသူသိခဲ့တဲ့ ကစားသမား တွေကိုပဲ ဦးစားပေးရွေးချယ်တာ ပါ။ ကစားသမားအသစ်တွေကို တော့ လက်ထောက်နည်းပြတွေက ရွေးချယ်ပေးတယ်လို့ ထင်ပါ တယ်။ ပတ်ဆောင်ဟွာအနေနဲ့ ဘောလုံးပွဲတွေလာမကြည့်တာ ကတော့ ပြဿနာအနည်းငယ်ရှိ နေနိုင်ပါတယ်''ဟု နေပြည်တော်အ သင်းမှ ကစားသမားများ ပဏာမ စာရင်းတွင် မပါဝင်လာခဲ့ခြင်းနှင့် ပတ်သက်၍သုံးသပ်သည်။

ယခုရွေးချယ်ထားသော ပဏာမကစားသမား ၃ဝဦး စာ ရင်းတွင် ရတနာပုံအသင်းမှ ကစား သမားခြောက်ဦးဖြင့် အများဆုံး ပါဝင်လာခဲ့ပြီး မျက်နှာသစ်ကစား သမားအများစုနှင့် ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရသော ကျော်ကိုကိုလည်း ပြန်လည်ပါဝင် လာခဲ့သည်။ ထို့အပြင် မနောမြေ နှင့် ဇွဲကပင်အသင်းတို့မှ ကစားသ မားများ ပါဝင်လာခဲ့ခြင်းမရှိသည် ကိုတွေ့ရသည်။

ပဏာမမြန်မာယူ-၂၃အသင်းလူစာရင်း
=====================
ဂိုး-ပြည့်ဖြိုးအောင်(ဆောက်သမ်းမြန်မာ)၊ ကျော်ဇင်ဖြိုး (မကွေး)၊ မျိုးမင်းလတ်(ဇေယျာရွှေမြေ)၊ ရန်အောင်လင်း(ဟံသာ ဝတီ)။

နောက်တန်း- သိန်းသန်းဝင်း(ကမ္ဘောဇ)၊နန္ဒကျော်(မကွေး)၊ ကောင်းမြတ်ဦး(ရခိုင်)၊ ဇော်မင်းထွန်း၊ရဲလင်းအောင်၊ ရန်အောင် ဝင်းနှင့် သက်နိုင်(ရတနာပုံ)၊ အောင်ဟိန်းကျော်(ဇေယျာရွှေမြေ)၊ ဖြိုးကိုကိုသိန်း(ဧရာဝတီ)၊ မင်းကိုသူ(ရခိုင်)၊ အောင်ဇော်(ဟံသာဝ တီ)။

အလယ်တန်း- မောင်မောင်သန့်(ရခိုင်)၊ ရဲလင်းအောင်နှင့် စိုးပိုင်သွေး(ဇေယျာရွှေမြေ)၊ ထူးထူးအောင်(မကွေး)၊ ကျော်ဇေ ယျာဝင်း(ကမ္ဘောဇ)၊ ဟိန်းဇာအောင်(မကွေး)၊ နေလင်းထွန်းနှင့် နန္ဒလင်းကျော်ချစ်(ဧရာဝတီ)၊ မျိုးဇော်ဦး(မကွေး)၊ ဆက်ဖြိုးဝေ၊ ကြည်လင်းနှင့် ဒေးဗစ်ထန်း(ရန်ကုန်)။

ရှေ့တန်း- ကောင်းစည်သူနှင့် ဒွေးကိုကိုချစ်(ရတနာပုံ)၊ ကျော် ကိုကို(ရန်ကုန်)။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဆက်သွယ်ရန်

foxyform