ချယ်လ်ဆီး အသင်းသည် ဆင်မြူရယ် အီတိုးအား ခေါ်ယူရန် သဘော တူညီထားပြီး ဖြစ်ကြောင်းနှင့် မန်ယူ တိုက်စစ်မှူး ရွန်းနီအား ခေါ်ယူရေး ကိုလည်း အဆုံး သတ်လိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။
ချယ်လ်ဆီး မန်နေဂျာ ဟိုဆေး မော်ရင်ဟိုသည် အဆိုပါ စာချုပ်ကိစ္စကို လျှို့ဝှက် ထားလိုပြီး မန်ယူ၌ ရွန်းနီ၏ အနာဂတ်နှင့် ပတ်သက်၍လည်း ချယ်လ်ဆီး၏ မန်ယူနှင့်ပွဲ မတိုင်မီ ဆွေးနွေးမှု မပြုသေးဟု ယူဆထားကြောင်း Telegraph သတင်းစာတွင် ဖော်ပြထားသည်။
အီတိုးသည် အင်တာမီလန်၌ မော်ရင်ဟို လက်အောက်တွင် ကစားထားခဲ့ ဖူးပြီး ၎င်း၏ ပြောင်းရွှေ့ကြေးမှာ ပေါင်နှစ်သန်းခန့် ဖြစ်မည်ဟု ယူဆရကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment