ထွေရာလေးပါး ဖါးအောက်သား မှ လှိုက်လှဲစွာကြိုဆိုပါသည်။

Saturday 31 August 2013

ဘီယာ ခွံ နဲ့ တီဗီ အင်တာနာ ပြုလုပ်နည်း


Photo: ဘီယာ ခွံ နဲ့ တီဗီ အင်တာနာ 
ဘယ်လို လုပ်မလဲ ?

________________________________________

ခုခေတ် အင်တာနာတွေ ဈေးကြီးတယ် တချို ကျတော့လည်း ကောင်းကောင်း မမြင်ရဘူး 
..အဲ့တော့ ဘီယာခွံဘူးနဲ့ အင်တာနာတစ်ခု လုပ်ပီးတော့ ချွေတာလိုက်ကြတာပေါ့ … ။
 လိုအပ်တဲ့ အရာတွေကတော့
၁။ဘီယာဘူး အခွံ ၂ ခု (အလူမီနီယံ ဘူး) များသောအားဖြင့် အလူမီနီ ပဲများပါတယ် 
ပေါ့ပါးအောင့် လုပ်ထားတဲ့ အတွက်ပါ။
၂။တီဗီအင်တာနာ ကြိုး (ဘာလို့လဲ ဆိုတော့ signal တွေ ဟာ ဒီအကြိုးအတိုင်း 
ဝင်ရောက် လို့ဖြစ်ပါတယ် ..အဲ့ကြိုးမရှိရင် ဘယ် Signal မှ 
ဝင်ရောက်နိုင်မှာမဟုတ်ပါ)
၃။သစ်သား
၎။ တိတ် (တိတ် အကြည်ဖြစ်ဖြစ် ဘာလိုဟာဖြစ်ဖြစ်ရပါတယ် ဘီယာဘူးကို 
သစ်သားမှာချည်နောင်ရန်အတွက်)
၅။မူလီ ၂ချောင်း
ကဲစပြီးလုပ်ကြရအောင်
အင်တာနာ ကြိုးမှာ တစ်ဖက်အစွန်က တီဗီမှာထိုးတဲ့ အပိုင်းပါတယ် ။ အဲ့ပိုင်းကို
 ထားပါ ။ကျန်တဲ့ တစ်ဖက်ကို ၂လက်မ လောက် ဓားနဲ့ ခြစ်လိုက်ပါ ။ကြိုးက ၂ထပ်ပါ 
။ကြိုးအတွင်းပိုင်းမှာ ကြေးနန်းကြိုးတစ်ချောင်းနဲ့ အပြင်ဘက်အကာမှာ 
အလူမီနီကြိုး များ ပါရှိပါတယ် ။အလူမီနီကြိုးကို ၈ စင်တီမီတာလောက်အရှည်မှာ 
ခြစ်ထုတ်ပါ။ကြေးနန်းကြိုးဟာ + လက္ခဏာကိုဆောင်ပြီးတော့ အလူမီနီကြိုးကတော့ 
အနုတ် ပါ ။အဲ့ကြိုးနှစ်မျိုးကို ဘီယာဘူး တစ်ဖက်စီ ချိတ်ဆက်ဖို့ လိုပါတယ်။ 
အဲ့ဒီအတွက် မူလီချောင်းလေး၂ ချောင်းကို အသုံးပြုမှာပါ ။မူလီတစ်ခုမှာ 
ကြေးနန်းကြိုးကိုပတ်ပီးတော့ ဘီယာဘူးခွံ အ၀ (ထောင်ထားလျင်အပေါ်ပိုင်း) မှာ 
ရိုက်ပီးချိတ်ဆက်လိုက်ပါ။ နောက်မူလီတစ်ခုမှာ အလူမီနီကြိုး အဲ့ 
အထက်ပါအတိုင်းပြုလုပ်ပါ။ပီးလျင် ဘီယာဘူး၂နှစ်ကို မျက်နှာချင်းဆိုင် အဖြစ် 
သစ်သားမှာ ကပ်ချည်ပါ။ ဘီယာခွံ ၂ခုကြား အကွာ အဝေးက တော့ 
၇စင်တီမီတာလောက်ထားပါ (ဒါက စမ်းသပ်မှုတွေ ပြုလုပ်ထားတဲ့ အကောင်းဆုံးအကွာ 
အဝေးပါပဲ နီးရင် Signalသက်ရောက်မှုနည်းတယ်။၇ကတော့ အကောင်းဆုံးပါပဲ)။
အင်တာနာမြင့်လေ Signal ပိုဖမ်းနိုင်လေ ဖြစ်ပါတယ် 
။အဲ့ဒီ့ကပ်ချည်ထားတဲ့အင်တာနာကို အပြင်ဘက်ကို ထုတ်ထားနိုင်ရင် 
အကောင်းဆုံးဖြစ်မှာပါ။ တိုင်နဲ့ကပ်ချည်ပြီးထောင်ရင်လည်းရပါတယ်။ သစ်သားအကျီင်္
 ချိတ်ကို အသုံးပြုရင်လည်းရပါတယ်။ ဘီယာဘူးကို သစ္သားအက်ီၤၤခ်ိတ္မွာ 
ကပ္ခ်ည္လိုက္ပါ။ ပြီးရင်အင်တာနာကြိုးကို တီဗီမှာ ထိုးလိုက်ပါ ။ ဆဂနယ် 
ကောင်းကောင်းဖမ်းယူပေးပါလိမ့်မယ်။ စမ်းသပ်ချင်သူ အားလုံး အဆင် ပြေပါစေ။။...
စမ်းကြည့်ချင်တဲ့သူတွေစမ်းကြပါ။

Ref>> Mandalay Open

~>Einstein Kelvin<~
<Myanmar ITgroup>


ခုခေတ် အင်တာနာတွေ ဈေးကြီးတယ် တချို ကျတော့လည်း ကောင်းကောင်း မမြင်ရဘူး ..အဲ့တော့ 


ဘီယာခွံဘူးနဲ့ 


အင်တာနာတစ်ခု လုပ်ပီးတော့ ချွေတာလိုက်ကြတာပေါ့ … ။ လိုအပ်တဲ့ အရာတွေကတော့
 

၁။ဘီယာဘူး အခွံ ၂ ခု (အလူမီနီယံ ဘူး) များသောအားဖြင့် အလူမီနီ ပဲများပါတယ် ပေါ့ပါးအောင့် 


လုပ်ထားတဲ့ အတွက်ပါ။
 

၂။တီဗီအင်တာနာ ကြိုး (ဘာလို့လဲ ဆိုတော့ signal တွေ ဟာ ဒီအကြိုးအတိုင်း ၀င်ရောက် 


လို့ဖြစ်ပါတယ်..အဲ့ကြိုးမရှိရင် ဘယ် 


Signal မှ ၀င်ရောက်နိုင်မှာမဟုတ်ပါ)
 

၃။သစ်သား
 

၎။ တိတ် (တိတ် အကြည်ဖြစ်ဖြစ် ဘာလိုဟာဖြစ်ဖြစ်ရပါတယ် ဘီယာဘူးကို 


သစ်သားမှာချည်နောင်ရန်အတွက်)
 

၅။မူလီ ၂ချောင်း
 

ကဲစပြီးလုပ်ကြရအောင်
 

အင်တာနာ ကြိုးမှာ တစ်ဖက်အစွန်က တီဗီမှာထိုးတဲ့ အပိုင်းပါတယ် ။ အဲ့ပိုင်းကို ထားပါ ။ကျန်တဲ့ 


တစ်ဖက်ကို ၂လက်မ လောက် 


ဓားနဲ့ ခြစ်လိုက်ပါ ။ကြိုးက ၂ထပ်ပါ ။ကြိုးအတွင်းပိုင်းမှာ ကြေးနန်းကြိုးတစ်ချောင်းနဲ့အပြင်ဘက်အကာမှာ


အလူမီနီကြိုး များ 



ပါရှိပါတယ် ။အလူမီနီကြိုးကို ၈ စင်တီမီတာလောက်အရှည်မှာ ခြစ်ထုတ်ပါ။ကြေးနန်းကြိုးဟာ + 


လက္ခဏာကိုဆောင်ပြီးတော့ 


အလူမီနီကြိုးကတော့ အနုတ် ပါ ။အဲ့ကြိုးနှစ်မျိုးကို ဘီယာဘူး တစ်ဖက်စီ ချိတ်ဆက်ဖို့ လိုပါတယ်။ 


အဲ့ဒီအတွက် 


မူလီချောင်းလေး၂ ချောင်းကို အသုံးပြုမှာပါ ။မူလီတစ်ခုမှာ ကြေးနန်းကြိုးကိုပတ်ပီးတော့ ဘီယာဘူးခွံ အ၀ 


(ထောင်ထားလျင်အပေါ်ပိုင်း) မှာ ရိုက်ပီးချိတ်ဆက်လိုက်ပါ။ နောက်မူလီတစ်ခုမှာ အလူမီနီကြိုး အဲ့ 


အထက်ပါအတိုင်းပြုလုပ်ပါ။ပီးလျင် ဘီယာဘူး၂နှစ်ကို မျက်နှာချင်းဆိုင် အဖြစ် သစ်သားမှာ ကပ်ချည်ပါ။ 


ဘီယာခွံ ၂ခုကြား အကွာ 


အဝေးက တော့ ၇စင်တီမီတာလောက်ထားပါ (ဒါက စမ်းသပ်မှုတွေ ပြုလုပ်ထားတဲ့ အကောင်းဆုံးအကွာ 


အဝေးပါပဲ နီးရင် 


Signalသက်ရောက်မှုနည်းတယ်။၇ကတော့ အကောင်းဆုံးပါပဲ)။
 

အင်တာနာမြင့်လေ Signal ပိုဖမ်းနိုင်လေ ဖြစ်ပါတယ် ။အဲ့ဒီ့ကပ်ချည်ထားတဲ့အင်တာနာကို အပြင်ဘက်ကို 


ထုတ်ထားနိုင်ရင် 


အကောင်းဆုံးဖြစ်မှာပါ။ တိုင်နဲ့ကပ်ချည်ပြီးထောင်ရင်လည်းရပါတယ်။ သစ်သားအကျီင်္ ချိတ်ကို 


အသုံးပြုရင်လည်းရပါတယ်။ 


ဘီယာဘူးကို သစ္သားအက်ီၤၤခ်ိတ္မွာ ကပ္ခ်ည္လိုက္ပါ။ ပြီးရင်အင်တာနာကြိုးကို တီဗီမှာ ထိုးလိုက်ပါ ။ 


ဆဂနယ် ကောင်းကောင်းဖမ်းယူပေးပါလိမ့်မယ်။ စမ်းသပ်ချင်သူ အားလုံး အဆင် ပြေပါစေ။။...
 

စမ်းကြည့်ချင်တဲ့သူတွေစမ်းကြပါ။

Friday 30 August 2013

ဆမ်ဆောင်းဖုန်းများအတွက် မြန်မာစာ စက်လည်ပတ်စနစ် စတင်အသုံးပြု


ရန်ကုန်၊ သြဂုတ် ၂၉

နောက်ဆုံးထုတ် ဆမ်ဆောင်းဖုန်း အမျိုးအစားသုံးခုတွင် အဆင့်မြှင့်၍ မြန်မာစာ စက်လည်ပတ်စနစ် ထည့်သွင်း အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ဆမ်ဆောင်းမြန်မာ ကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇာနည်ဝင်းထက်က ပြောကြားသည်။

“Root ဖောက်စရာ မလိုပါဘူး။ ဒီအတိုင်း Update လုပ်ရုံနဲ့ အသုံးပြုနိုင်မှာပါ” ဟု ၎င်းကဆိုသည်။

အသစ်တင်သွင်းလာသော Samsung Galaxy S4၊ Galaxy Grand Duos (Dual GSM SIM) နှင့် Galaxy Grand Duos (CDMA+GSM Dual) ဖုန်းများတွင် ယင်းစနစ်ထည့်သွင်းပြီးဖြစ်ကာ ယခင်ဝယ်ယူထားသူများလည်း Update ပြုလုပ်၍ အသုံးပြုနိုင်ကြောင်း အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇော်မိုးအောင်က ပြောကြားသည်။

“သိပ်မကြာခင်မှာ တခြားဆမ်ဆောင်း အမျိုးအစား ဖုန်းတွေမှာ သုံးလို့ရအောင် ကြိုးပမ်းနေပါတယ်။ နောက်ထပ် အသစ်ဝင်လာမယ့် ဆမ်ဆောင်းဖုန်း မော်ဒယ်လ် အသစ်တွေမှာ တစ်ပါတည်းပါမယ်” ဟု ၎င်းကဆိုသည်။

ဆမ်ဆောင်းကုမ္ပဏီသည် မြန်မာစာစနစ်ကို ၂၀၁၂ ခုနှစ်က စတင်စမ်းသပ်ခဲ့ပြီး ဆမ်ဆောင်းမိုဘိုင်းလ်ဖုန်း အသုံးပြုသူများကို သုံးကြိမ်စမ်းသပ် အသုံးပြုခွင့်ပေးခဲ့ကာ ယခုအခါ ဆမ်ဆောင်းဖုန်းများတွင် တရားဝင် စတင်အသုံးပြုခဲ့ခြင်း ဖြစ်သည်။

“မြန်မာစာစနစ်ပါတဲ့ ဖုန်းတွေကတော့ နောက်ပိုင်း တော်တော်ထွက်တယ်။ ဝယ်သူအများစုက ဈေးနှုန်းကို ပိုအလေးထားတယ်” ဟု Star Mobile ဖုန်းဆိုင်မှ တာဝန်ရှိသူ ဦးဇော်မင်းက ဆိုသည်။

ဆမ်ဆောင်းကုမ္ပဏီမှ တရားဝင် တင်သွင်းထားသော မိုဘိုင်းလ်ဖုန်းများတွင် ဘာသာစကား ၁၀ မျိုးပါရှိပြီး ယခုအခါ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ဘာသာစကားများ ထပ်မံတိုးချဲ့ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

ဆမ်ဆောင်းကုမ္ပဏီသည် မြန်မာနိုင်ငံ အတွင်းသို့ ယင်းကုမ္ပဏီမှ တရားဝင် တင်သွင်းထားခြင်း မရှိသော ဆမ်ဆောင်း ထုတ်ကုန်များကို သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ ဖုန်း Version မြှင့်ခွင့် မပြုတော့ကြောင်း ဆမ်ဆောင်းမြန်မာထံမှ သိရသည်။

တောရက်စ်ကို အရောင်းစာရင်း တင်တော့မယ့် ချဲလ်ဆီး


ချဲလ်ဆီးအသင်းသည် ၀ါရင့်တိုက်စစ်မှုး အီတိုး ရောက်ရှိလာမှုနှင့်အတူ တောရက်စ်အား အရောင်းဈေးကွက်သို့ တင်ရန် ပြင်ဆင်လာသည်။

မော်ရင်ညိုသည် အီတိုးအား တစ်နှစ် စာချုပ်ဖြင့် ခေါ်ယူခဲ့ပြီးနောက် စံချိန်တင် ပြောင်းရွေ့ကြေးဖြင့် ခေါ်ယူထားသော တောရက်စ်ကို အရောင်း ဈေးကွက်သို့ တင်တော့မည် ဖြစ်သည်။ အီတိုးသည် အင်တာမီလန် အသင်းတွင် ကစားစဉ်က မော်ရင်ညိုဖြင့် အတူ လက်တွဲကာ သမိုင်းဝင် အောင်ပွဲ ဆွတ်ခူး ထားနိုင်ခဲ့သည်။

အန်ဇီး အသင်းသို့ စံချိန်တင် လုပ်ခ လစာဖြင့် ပြောင်းရွေ့ပြီးနောက် ယခု မော်ရင်ညိုဖြင့် ပြန်လည် လက်တွဲတော့မည် ဖြစ်သည်။ အီတိုးရောက်ရှိလာသောကြောင့် လက်ရှိ ချဲလ်ဆီးအသင်းတွင် ဒမ်ဘာဘ၊ လူကာကူ၊ တောရက်စ် စုစုပေါင်း တိုက်စစ်မှုး (၄)ဦး ရှိသွားပြီ ဖြစ်သည်။ ထို့ကြောင့် မော်ရင်ညိုက ၂၀၁၁ ခုနှစ်က ပေါင်သန်း(၅၀)ဖြင့် ခေါ်ယူထားသော တိုက်စစ်မှုး တောရက်စ်ကို ရောင်းထုတ်သွားတော့မည် ဖြစ်သည်။

Thursday 29 August 2013

မြေပဲ လက်တစ်ဆုပ် စားခြင်းက ဝမ်းဗိုက် အဆီကျစေ

နေ့စဉ် မြေပဲ လက်တစ်ဆုပ် စားခြင်းက ဆာလောင်မှု မဖြစ်အောင် တားဆီး နိုင်ပြီး ဝမ်းဗိုက်မှ အဆီများ ချပေးရန် အထောက်အကူ ပြုကြောင်း ပညာရှင် များက ပြောကြား လိုက်သည်။

ယခု တွေ့ရှိချက်သည် မြေပဲစားခြင်းနှင့် ဆီရိုတိုနင် ဟော်မုန်း မြင့်မားခြင်းတို့ အကြားရှိ ဆက်နွှယ်ချက်ကို ပထမဆုံး အကြိမ်အဖြစ် ဖော်ထုတ် နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ဆီရိုတိုနင်သည် အစာစားလိုစိတ်ကို လျှော့ချ ပေးနိုင်ပြီး ပျော်ရွှင်မှု ခံစားချက်ကို မြှင့်တင် ပေးကာ နှလုံး ကျန်းမာရေးကိုလည်း တိုးတက်စေကြောင်း တွေ့ရှိခဲ့ သည်။

စပိန်နိုင်ငံ ဘာစီလိုနာ တက္ကသိုလ်မှ သုတေသန ပညာများသည် အပေါ်ယံ အလွှာ မနွှာထားသော သစ်ကြားသီး၊ ဗာဒံစေ့နှင့် ဟေဇယ်သီး အစေ့ တို့သည် လည်း အလားတူ ကျန်းမာရေး အတွက် ကောင်းမွန်သော အာနိသင်များ ရှိသည်ဟု ဆိုသည်။

Wednesday 28 August 2013

ဆားဝက်ခြံကြောင့် စိတ်ညစ်နေသော သူငယ်ချင်းများ အတွက်

၁။သွားတိုက်ဆေးကို ခပ်ပါးပါး လိမ်းပါ။
နာရီဝက်ခန့် ကြာလျှင် ရေဆေးပြစ်ပါ။ ပြီးလျှင် facial form နှင့်မျက်နှာ သစ်ပါ။ သွားတိုက်ဆေးနှင့် ဆားဝက်ခြံ ဓါတ်ပြုကာ အပေါ်ပိုင်း တစ်ဝက်သာ ထွက်သွားသဖြင့် တစ်ပတ် နှစ်ကြိမ့်ခန့်  အပတ်တိုင်း ပြုလုပ်သင့်သည်။

၂။ရေနွေးဖြင့် မျက်နှာသစ်ပါ။ ရှောက်သီးကို ခွက်ထဲညှစ်ပြီး ဆားနည်းနည်း ထည့်ကာ မွှေပါ။ ၂၀မိနစ်ခန့် လိမ်းထားပါ။ ပြီးလျှင် ရေနွေးဖြင့် မျက်နှာပြန်သစ်ပါ။

၃။ခရမ်းချဉ်သီး အခွံပါးကို ခွှာပြစ်ပါ။ အနှစ်ကိုခြေကာ လိမ်းပြီးအိပ်ပါ။ ခရမ်းချဉ်သီးဧ။် ပိုးသေစေသော အာနိသင်ကြောင့် ဆားဝက်ခြံ ဖြစ်စေသော ဘက်တီးရီးယားများ သေသွား ခြင်းကြောင့် ဆားဝက်ခြံများ လျော့ပါး လာလိမ့်မည်။

၎။သံပုရာရေနှင့် သစ်ကြံပိုးမှုန့် ဆတူရောပါ။ ညအိပ်ရာဝင် လိမ်းပြီး မနက်မှသာ ရေဖြင့် ဆေးပြစ်ပါ။

၅။ဆန်ကို နွားနို့ထဲတွင် ၅နာရီခန့် စိမ်ထားပါ။ ပြီးလျှင် အနှစ်ဖြစ်သွားသည် အထိ ကြိတ်ခြေပြစ်ပါ။ ပြီးလျှင် ဆားဝက်ခြံ ရှိသောနေရာများကို ဆပ်ပြာတိုက် သကဲ့သို့  ဆန်နှစ်ဖြင့် ခပ်ကြာကြာ ပွတ်တိုက်ပါ။

၆။ပျားရည်ကို ၁၅မိနစ်ခန့် လိမ်းထားပါ။ ပြီးလျှင် ရေဆေးပြစ်ပါ။

>ဘယ်သောအခါမှ ကုတ်ခြင်း၊ ဆိတ်ခြင်း၊ ညှစ်ခြင်း မပြုလုပ်ပါနှင့်။ ဆားဝက်ခြံကို ပိုဆိုး စေနိုင်သလို ၊အနာအဖြစ်သို့ ရောက်သွား စေနိုင်သည်။ နှာခေါင်းကိုလည်း ဒဏ်ဖြစ်ခါ ပုံပန်းသဏ္ဍာန် ပျက်စေသည်။ ထို့ပြင် မမြင်နိုင်သော ပိုးမွှားများကြောင့် မမျှော့်လင့်သော အရာများကို ဆိုးဝါးစွာဖြစ်စေနိုင်သည်။

အပြစ်ကင်း ချောမောလှပသော မျက်နှာ ပိုင်ရှင်များ ဖြစ်ကျပါစေ။

အီတိုးအား ခေါ်ယူပြီး ရွန်းနီအား စည်းရုံးရေးကို အဆုံးသတ်လိုက် ပြီဟု ချယ်လ်ဆီးကြေညာ

ချယ်လ်ဆီး အသင်းသည် ဆင်မြူရယ် အီတိုးအား ခေါ်ယူရန် သဘော တူညီထားပြီး ဖြစ်ကြောင်းနှင့် မန်ယူ တိုက်စစ်မှူး ရွန်းနီအား ခေါ်ယူရေး ကိုလည်း အဆုံး သတ်လိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

ချယ်လ်ဆီး မန်နေဂျာ ဟိုဆေး မော်ရင်ဟိုသည် အဆိုပါ စာချုပ်ကိစ္စကို လျှို့ဝှက် ထားလိုပြီး မန်ယူ၌ ရွန်းနီ၏ အနာဂတ်နှင့် ပတ်သက်၍လည်း ချယ်လ်ဆီး၏ မန်ယူနှင့်ပွဲ မတိုင်မီ ဆွေးနွေးမှု မပြုသေးဟု ယူဆထားကြောင်း Telegraph သတင်းစာတွင် ဖော်ပြထားသည်။

အီတိုးသည် အင်တာမီလန်၌ မော်ရင်ဟို လက်အောက်တွင် ကစားထားခဲ့ ဖူးပြီး ၎င်း၏ ပြောင်းရွှေ့ကြေးမှာ ပေါင်နှစ်သန်းခန့် ဖြစ်မည်ဟု ယူဆရကြောင်း သိရသည်။

အန်းဒရွိုက်အတွက် Line Appအသစ်

ကမ္ဘာအရပ်ရပ်က အသုံးပြုသူ သန်း၁၅၀လောက် ရှိတဲ့ အန်းဒရွိုက်OSသုံး Line Appကို မြန်မာအိုင်စီတီ ပရိသတ်တွေ အတွက် တင်ဆက်ပေး လိုက်ပါတယ်။ အသံခေါ်ဆိုမှုတွေ၊ စာပို့မှုတွေကို အခမဲ့ အကန့်အသတ်မရှိ သုံးစွဲနိုင်တဲ့ ဆက်သွယ်ရေး Appတစ်ခု ဖြစ်ပြီးတော့ နိုင်ငံပေါင်း ၂၃၀ကနေ လက်ခံသုံးစွဲလျက် ရှိပါတယ်။ ဒါ့အပြင် အဆိုပါ Line Appဟာ နိုင်ငံပေါင်း ၄၄နိုင်ငံရဲ့ အခမဲ့ Appစာရင်းထဲမှာ ထိပ်ဆုံးက ရပ်တည်နေပြီးတော့ သင်တို့လည်း သုံးစွဲချင်တယ် ဆိုရင် ဖိုင်အရွယ်အစား 17MBနဲ့ Myanmar ICT၀က်ဘ်ဆိုဒ် ကနေတစ်ဆင့် အခမဲ့ဒေါင်းလုဒ် ရယူနိုင်ပါတယ်။

ဘယ်နေရာ၊ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် Line Appကို သုံးပြီး စမတ်ဖုန်းနဲ့ ဖုန်းခေါ်ဆိုတာ၊ စာပို့တာတွေကို လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူမှုကွန်ရက်တစ်ခု အနေနဲ့လည်း သုံးနိုင်ပြီး သင့်ရဲ့ အဖြစ်အပျက်တွေ၊ ဓာတ်ပုံတွေနဲ့ Locationစတာ တွေကိုဝေမျှပြီး Commentပါ ချန်ထားပေး နိုင်တယ်လို့ သိရပါတယ်။ အခုထွက်ရှိလာတဲ့ ဗားရှင်းအသစ်မှာ ဆိုရင်လည်း ချို့ယွင်းချက်တွေ၊ အဆင်မပြေမှုတွေကို ပြင်ဆင်ထားပြီး ရုရှားဘာသာစကားနဲ့ပါ အသုံးပြုလို့ ရမှာဖြစ်ပါတယ်။

ဖယ်လိုင်နီကို ပေါင် သန်း ၂၀ ဖြင့် မန်ယူ ခေါ်ယူရန် သဘောတူညီမှု ရရှိ

မန်ယူ အသင်းသည် အဲဗာတန် အသင်း ကွင်းလယ်လူ ဖယ်လိုင်နီကို ပေါင် သန်း ၂၀ ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

မန်ယူမှ ကမ်းလှမ်းမှုကို အဲဗာတန် အသင်းက လက်ခံခဲ့ပြီး ဖယ်လိုင်နီ အတွက် ကမ်းလှမ်းမှုမှာ ပေါင် ၂၄ သန်း အထိ မြင့်တက်သွားဖွယ် ရှိနေသည်။

မန်ယူ နည်းပြ မိုရက်စ်သည် အသင်းဟောင်း အဲဗာတန်မှ ကစားသမားများ ဖြစ်သည့် ဖယ်လိုနီနှင့် လေတန်ဘိန်းတို့ကို ခေါ်ယူလိုပြီး ယင်းအတွက် ခက်ခဲမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

မန်ယူ အသင်းသည် နွေရာသီ ကာလတွင် ဘာစီလိုနာမှ ဖာဘရီဂတ်စ်နှင့် စပိန် လက်ရွေးစင် ကစားသမား တီယာဂိုတို့ကို ခေါ်ယူရန် စဉ်းစားခဲ့ဖူးသော်လည်း လက်တွေ့တွင် လက်လျှော့ခဲ့ရသည်။

Saturday 24 August 2013

Tap4Call - free phone calls V1.3.4 For Androidဖုန်း


ဒီမှာဒေါင်းလော့ယူပါ
Android သမားတွေအတွက် အရမ်းလန်းတဲ့ Free Call ခေါ်လို့ရတဲ့ ဆော့ဝဲအလန်းလေးပါ ။
ထိုဆော့ဝဲကို အသုံးပြုရာတွင်လဲ ဘာအကောင့်မှလုပ်စရာမလိုပါဘူး ။ မိမိဖုန်းခေါ်လိုသော ဖုန်းနံပါတ်ကိုနှိပ်ပြီး တိုက်ရိုက်ခေါ်ဆိုနိုင်ပါတယ် ။ ကိုယ်ခေါ်ဆိုသော တစ်ဘက်ဖုန်းမှာ အင်တာနက်ရော ထိုဆော့ဝဲရောရှိစရာ လုံးဝမလိုပါဘူး ။


သင်ထိုဆော့ဝဲကို အသုံးပြုရာတွင် သင့်အား $.30 ကျပ်ပေးထားပါတယ် ထိုပိုက်ဆံနှင့် သင်ခေါ်ဆိုခြင်းဖြစ်ပါတယ် အကယ်၍Freeပေးထားသော ထိုပိုက်ဆံကုန်သွားပါက ပိုက်ဆံထက်ဝယ်စရာမလိုပါဘူး သင့်ဖုန်းSettings ထဲသွားပြီး Clear Data သို့မဟုတ် Uninstall လုပ်ပေးလိုက်ပါက အရင်တိုင်းပိုက်ဆံပြန်ရောက်လာပါတယ် ။



မရောက်လာဘူးဆိုပါက သူ့ဆော့ဝဲထဲမှာ Get free credits for calls ဆိုတာရှိပါတယ် ဝင်လိုက်ပါ ။ အဲဒီမှာ Free ပေးထားတဲ့ဂိမ်းတစ်ခုခုကို ဒေါင်းလိုက်ပါ ။ ပြီးသွားရင် ပိုက်ဆံအမောက်ပြထားတဲ့ဘေးက Reflash လုပ်တဲ့ မြှားအဝိုင်းလေးတွေ့ပါမယ် အဲတာလေးကိုနှိပ်ပေးလိုက်ပါ ပိုက်ဆံတိုးလာပါလိမ့် ပထမဖရီးပေးတဲ့ ပိုက်ဆံထက်တောင် ပိုများလာတတ်ပါတယ် 

Market မှာ အခုနောက်ဆုံထွက်ဆော့ဝဲကို လိုချင်သူများ အောက်မှာဒေါင်းယူပါ
Market ကို ဝင်လို့ရသူများက Play Store မှာဖရီးပေးထားပါတယ် သွားရောက်ဒေါင်းယူနိုင်ပါတယ်
 

Friday 23 August 2013

ထိုင်းနိုင်ငံအတွင်းမှာရှိကြတဲ့  SAMSUNG GALAXY ANDROID တွေအတွက် WIFI အခမဲ့ သုံးစွဲနိုင်ပြီ

ထိုင်းနိုင်ငံအတွင်းမှာရှိကြတဲ့  samsung galaxy android အသုံ;ပြုနေကြတဲ့ သူငယ်ချင်းများအတွက်သတင်းကောင်းပါ။samsung company နှင့် ထိုင်းနိုင်ငံအခြေစိုက် 3bb company တို့ ပူးပေါင်း မည်သည့်  samaungGalaxy Y, Mini, Cooper, SIII, Nexus, Note, Tab အမျိုးအစားမဆို  wifi အသုံးပြုဖို့ အတွက် နာရီပေါင်း ၁၀၀ အခမဲ့ သုံးစွဲနိုင်တော့ မှာဖြစ်ပါတယ်။အဲဒီလိုအခမဲ့ သုံးစွဲနိုင်ဖို့ အတွက် google play store မှာ ဝင်ရောက်ပြီး install လုပ်ပေးကြဖို့ သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။

GALAXY Gift - screenshotGALAXY Gift - screenshot
GALAXY Gift - screenshot GALAXY Gift - screenshot
GALAXY Gift - screenshot GALAXY Gift - screenshot 

ပိုဒေါ့စကီးကို အာဆင်နယ် အငှားချဖွယ်ရှိနေ

အာဆင်နယ် အသင်းသည် တိုက်စစ်မှူး လူးကက်စ် ပိုဒေါ့စကီးကို ရှော်လ်ကေးသို့ အငှားထွက်ခွာခွင့်ပြုဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဘိုင်ယန်မြူးနစ်နှင့် ကိုလုံးအသင်းများတွင် ကစားခဲ့ဖူးသည့် ဂျာမန်လက်ရွေးစင်ကို ဇာတိနိုင်ငံသို့ ပြန်ခေါ်ရန် ရှော်လ်ကေးအသင်းက ကြိုးစားနေပြီး အာဆင်နယ်ကလည်း ပိုဒေါ့စကီးကို အငှားချပေးဖွယ် ရှိနေကြောင်း ဂျာမန်ထုတ် Bild သတင်းစာက သောကြာနေ့တွင် ခန့်မှန်းရေးသားခဲ့သည်။ အသက်(၂၈)နှစ်ရှိ ပိုဒေါ့စကီးသည် အာဆင်နယ်တွင် ပွဲထွက်နေရာအတွက် ရုန်းကန်နေရသည့်နောက် (၂၀၁၄)ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် လက်ရွေးစင် အသင်း၌ ပါဝင်ခွင့်ရရေးအတွက် ပွဲထွက်နေရာ သေချာစေမည့် ရှော်လ်ကေးသို့ ချိတ်ဆက်ရန် ပြင်ဆင်နေကြောင်း Bildက ဆိုသည်။

ဂရီသာဖာ့သ်မှ ရှော်လ်ကေးသို့ မကြာသေးမီကမှ ပြောင်းရွှေ့ခဲ့သည့် ဂျာမန်လက်ရွေးစင်ဟောင်း ဂါရဲလ် အဆာမိုအာက "ပိုဒေါ့စကီးဟာ သိပ်ကောင်းတဲ့ ကစားသမားပါ။ သူဟာ ရှော်လ်ကေးနဲ့ အံကိုက်ပါပဲ။ သူအသင်းကို ရောက်လာရင် အရမ်းကျေနပ်စရာ ဖြစ်မှာပါ"ဟု မှတ်ချက်ပြု ပြောဆိုခဲ့သည်။ ရှော်လ်ကေးသည် (၂၀၀၇)ခုနှစ်ကလည်း ပိုဒေါ့စကီးကို ခေါ်ယူရန် ကြိုးစားဖူးသော်လည်း မအောင်မြင်ခဲ့ချေ။ ပိုဒေါ့စကီးသည် ပြီးခဲ့သည့်ရာသီက အာဆင်နယ်တွင် (၄၂)ပွဲ ကစားကာ (၁၆)ဂိုး သွင်းယူထားသည်။

အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် ယခုနွေရာသီတွင် တိုက်စစ်မှူးသစ် တစ်ဦးဝယ်ယူရန် ကြိုးစားနေပြီး ယင်းအခြေအနေသည် ပိုဒေါ့စကီးအတွက် ဖိအားသဖွယ် သက်ရောက်လာခဲ့သည်။

စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၄ သန်းဖြင့် ရီးရဲလ်သို့ ဂါးရက်ဘေးလ် ရောက်ရှိရန် နီးစပ်


လန်ဒန်၊ သြဂုတ်၂၂

စပိန် လာလီဂါ ထိပ်သီးကလပ် အသင်းများက ခေါ်ယူရန် ကြိုးပမ်းနေသည့် အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် စပါးအသင်း၏ အားထားရသော တောင်ပံ ကစားသမား ဂါး...ရက်ဘေးလ်သည် ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၄ သန်းဖြင့် ရီးရဲလ်အသင်းသို့ ရောက်ရှိရန် နီးစပ်လျက် ရှိကြောင်း Daily Mail သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

စပါးအသင်း ဥက္ကဋ္ဌ ဒယ်နီယယ် လီဗိုင်းသည် ဂါးရက်ဘေး၏ အပြောင်းအရွှေ့ ကိစ္စကို အဆုံးသတ် နိုင်ရန် ရီးရဲလ်အသင်း တာဝန်ရှိသူ များနှင့် ဆွေးနွေးလျက်ရှိရာ ယင်းအပြောင်းအရွှေ့မှ စပါးအသင်း အတွက် အကျိုးအမြတ်များစွာ ရရှိလိုသည့် ဒယ်နီယယ်လီဗိုင်း၏ တောင်းဆိုမှုအပေါ် ရီးရဲလ်အသင်း က စိတ်ပျက်လျက် ရှိသည်ဟု ယင်းသတင်းစာက ဖော်ပြ ခဲ့သည်။

ရီးရဲလ် အသင်းသည် ဂါးရက်ဘေးလ်၏ ပြောင်းရွှေ့ကြေးအတွက် တစ်စိတ် တစ်ပိုင်းအဖြစ် အသင်း နောက်ခံလူ ဖေဘီယို ကွန်ထရာအိုနှင့် အလိုက်ပေး ခေါ်ယူလိုသော်လည်း စပါးအသင်း ဥက္ကဋ္ဌကမူ ရီးရဲလ် အသင်း နောက်ခံလူ၏ အပြောင်းအရွှေ့ ကိစ္စကို သီခြားစီ ဆောင်ရွက်ရန် သာ ပြောကြားထားသည်။

ဂါးရက်ဘေးလ် ရီးရဲလ် အသင်းသို့ ပြောင်းရွှေ့သွားပါက စပါးအသင်းအတွက် ထိုးနှက်ချက် တစ်ခု ဖြစ်လာနိုင်သော်လည်း အပြောင်းအရွှေ့ ဈေးကွက် တွင် ငွေကြေးများစွာ သုံးစွဲ၍ ကစားသမားသစ်များကို ဝယ်ယူ ထားသောကြောင့် ယမန်နှစ်ကထက် ပိုမို တောင့်တင်းလာမည် ဖြစ်ကြောင်း စပါးအသင်း နည်းပြ ဘိုအာ့စ်က ပြောကြားခဲ့သည်။

စပါးအသင်းသည် ယခုနှစ် ရာသီအတွက် ရောဘတ်တို ဆိုဒါဒို၊ ပေါ်လင်ညို၊ ချာဒီနှင့် ကာပူး စသော ကစားသမားများကို ပေါင်သန်း ၆၀ နီးပါး သုံးစွဲ၍ ခေါ်ယူထားပြီး ရုရှားကလပ် အန်ဇီအသင်းမှ ကွင်းလယ် ကစားသမား ဝီလျံနှင့် အီတလီကလပ် ရိုးမား အသင်းမှ ရှေ့တန်း ကစားသမား လာမီလာ တို့ကို ပေါင်သန်း ၃၀ စီဖြင့် ထပ်မံ ခေါ်ယူရန် ပြင်ဆင်လျက် ရှိကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

Tuesday 20 August 2013

ကြက်ဥစားသုံးခြင်းဖြင့်စိတ်ကျ ရောဂါကိုသက်သာစေနိုင်သည်


ကြက်ဥထဲတွင် ပါဝင်သည့် ဓါတ်တစ်မျိုးမှာ စိတ်ကျ ရောဂါကို သက်သာစေ နိုင်ကြောင်းဂျပန် နိုင်ငံရှိ သုတေသနပညာရှင်များမှ တွေ့ရှိခဲ့ပြီ ဖြစ်သည်။

Kyushu တက္ကသိုလ် ဘွဲရများ ကျောင်းမှ ပါမောက္ခ Mitsuhiro Furuse ဦးဆောင်သည့် သုတေသန အဖွဲ့ တစ်ခုမှာ လွန်ခဲ့သည့် ဗုဒ္ဓဟူး နေ့က ဂျပန်ရှိ Society of Animal Science ကွန်ဖရင့်တွင် အဆိုပါ သုတေ သန ရလာဒ်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သုတေသနကို ပုံမှန် လှုပ်လှုပ်ရှားရှား နေတတ်သည့် ကြွက်များ ထက် အနည်းငယ် ငြိမ်သက်သည့် စိတ်ကျရောဂါ လက္ခဏာကို ပြသသည့် ကြွက်များကို ရွေးချယ်ပြီး တစ်လကြာ ကြက်ဥ အရည်များ တိုက်ကျွေးပြီး စမ်းသပ်ခဲ့ခြင်းဖြစ်ကာ ယခင်ကထက်ပိုပြီး လှုပ်လှုပ်ရှားရှား နေထိုင်သည်
ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းစမ်းသပ်ချက် အရ အဆိုပါ ကြွက်များ အတွင်းတွင် ကြက်ဥရည် သောက်ရသည့် ကြွက်များမှာ အခြား ကြွက်များထက် ၁.၃ ဆ ပိုမိုပြီး ရေကူးနိုင်ကြောင်း တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။

ထို့ ပြင် tryptophan ခေါ် အမိုင်နိုအက်ဆစ်ဓါတ် တိုးလာသည်ကို တွေ့ခဲ့ရပြီး ယင်းဓါတ်မှာ စိတ်ကျ ရောဂါကို တိုက်ဖျက်ရာတွင် ကူညီသည့် ဓါတ်တစ်မျိုး လည်း ဖြစ်သည်။

Block လုပ်ထားတဲ့ ဆိုဒ်တွေကိုအပိတ်အဆို့ကင်းစွာ ရှာဖွေနိုင်သော ဆိုဒ် The Pirate Bay


The Pirate Bay ကို သိတဲ့သူလည်း သိကြမှာပါ။ သူက Block လုပ်ထားတဲ့ ဆိုဒ်တွေကိုလည်း ဝင်ဖို့ ပိုလွယ်တဲ့ ဆိုဒ်တစ်ခု ဖြစ်ပါတယ်။
...
The Pirate Bay ကို စတင်တည်ထောင်တဲ့ ၂၀၀၃ ခုနှစ်တုန်းကတော့ ဖိုင် တွေကို မျှဝေဖို့ ဖြစ်ပါတယ်။ သတင်းအချက်အလက်၊ Data တွေကို Share လုပ်ဖို့ အလုံခြုံဆုံး၊ စိတ်အချရဆုံး ဆိုဒ်တစ်ခုဖြစ်ခဲ့ပြီး နောက်ပိုင်း ပိတ်ဆို့ထားတဲ့၊ မျှဝေခွင့် ပိတ်ထားတဲ့ အချက်အလက်တွေ အများဆုံး စီးဆင်းတဲ့ လမ်းကြောင်း ဖြစ်ခဲ့ပါတယ်။

ဆွီဒင်အခြေဆိုက် ဝဘ်ဆိုဒ်တစ်ခုပါ။ တည်ထောင်သူ နှစ်ဦး ဖြစ်တဲ့ Gottfrid Svartholm နဲ့ Fredrik Neij ဟာလည်း ယင်းဝဘ်ဆိုဒ် အတွက် ၂၀၀၉ ခုနှစ်က ထောင်တစ်နှစ်ကျခဲ့ပြီး ဒဏ်ငွေကိုလည်း အမေရိကန်ဒေါ်လာ သန်း ၂၀ တောင် စောင်ခဲ့ ရပါတယ်။

ယခုတော့ Pirate bay ကို အခမဲ့ Web browser တစ်ခုအနေနဲ့ လွင့်တင် ထားပြီး နိုင်ငံအတော်များများက ပိတ်ပင်ထားပါတယ်။ သို့ပေမယ့် အချို့ နိုင်ငံတွေ ဝင်လို့ရပါတယ်။ The Pirate Bay ရဲ့  ဝဘ်ဆိုဒ် ကို အောက်ပါလခ့် မှာ ဝင်ရောက် အသုံးပြု နိုင်ပါတယ်။

https://thepiratebay.sx/

Aung Kham (TSJ team)

TechSpace Journal

Computer ဆက်တိုက်သုံးနေသူများ မျက်စိကိုဘယ်လို ကာကွယ် ထိန်းသိမ်းကြမလဲ


ယနေ. အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပျူတာ ဖြင့် နေစဉ် ရက်ဆက် အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း တို.ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊ အားမနည်းအောင် .ဘယ်လိုကာကွယ်ကြမလဲ။အောက်ပါ နည်းလမ်းလေး တွေ ကိုလိုက်နာပေးလိုက်ပါ။နေရာ မှန်ပါစေသင့်ရဲ့ကွန်ပျူတာ၊ keyboard၊ mouse တို. ကို နေရာမှန်ထားတက်ဖို. အရေးကြီးပါတယ်။ သင့်ရဲ့ ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေသင့်ရဲ့လက်တဆန်.စာ အကွာ နဲ. မျက်လုံးရဲ့ ၂၀ ဒီဂရီအောက် နိမ့် နေရပါမယ်။အလင်းရောင်သင့် အခန်းတွင်း အလင်းရောင်ပျံ့နှံ့နေပါစေ။

ဒါမှ ကွန်ပျူတာ screen မှလာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ screen အား သင့်မျက်စိ နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။မျက်မှန်Anti-reflective Lenses ပါသော မျက်မှန် ကို တပ်ပေးခြင်းဖြင့် တောက်ပသော အရာမှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။

သင့်ရဲ.မျက်စိဆရာဝန်က သင့် အား ကွန်ပျူတာ နှင့် ထိတွေ.နေသူမှန်းသိရင် ထို Anti-reflective Lenses ထည့်ထားတဲ့ မျက်မှန်ကို ညွန်းပါလိမ့်မယ်။မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀၊ ခြေလှမ်း ၂၀ကွန်ပျူတာ နှင့် အလုပ်လုပ်သူများ မိနစ် ၂၀ လောက် ကြာတိုင်း ခေါင်းကို ခဏဘေးကိုလှည့်ပြီး ပေ၂၀လောက်ဝေးတဲ့အရာတခုခုကို ကြည့်ကြည့်ပေးပါ။

ဒီနည်းလမ်း ဟာသင့်ရဲ့ ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ ၂၀ လောက် မျက်စိ အား ပိတ်လိုက်ဖွင့် လိုက်လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကို ရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း ၂၀ လောက်လမ်းလျှောက်ခြင်းဖြင့် သွေးလှည့်ပတ်ပါစေ။ မျက်စဉ်း ခတ်ပေးပါလူတစ်ယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ် ကျပါတယ်။ ဒါပေမယ့် ကွန်ပျူတာနဲ. အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ် တာကို သင်သတိထားမိပါသလား။

အကျိုးဆက်အနေဖြင့် မျက်စိအား ခြောက်ကပ်နေစေပါတယ်။ ထိုသို့ ခြောက်ကပ်မနေအောင် မျက်စဉ်း ခတ်ပေးနိုင်ပါတယ်။လက်ဖဝါးအုပ်ခြင်းထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်ရဲ့လက်ဖဝါး နှစ်ခုအား နွေးလာသည်အထိ ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖဝါးနဲ့ သင့်မျက်စိနှစ်ဖက်ကို ၁မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။သင့်မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း ၂ကြိမ်၊ ၃ကြိမ်လောက်လုပ်ပေးပါ။ ထို လက်ဖဝါးမှ လာသော နွေးထွေးမူသည် သင့်ရဲ့ ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။မျက်နှာသစ်ခြင်းအားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ။ အင်မတန် လန်းဆန်းခြင်းကို ခံစားရပါလိမ့်မယ်။လက်ဖက်ခြောက် အထုပ်သောက်ပြီး သား လက်ဖက်ခြောက် အထုပ်ကလေး များကို လွင့်မပစ်ပဲ ရေခဲသေတ္တာထဲထည့်ထားပြီး အားတဲ့အချိန်ကျရင် ထို လက်ဖတ်ခြောက်အထုပ် ၂ထုပ်အား သင့်မျက်စိ တဖတ်စီိတွင် တင်ပြီး အနားယူပါ။ မျက်စိအားအေးမြ စေပါသည်။အစားအသောက်ဗီတာမင် A, C, E ပါသော အစားအစာများ ပိုစားပါ။ သံပရာရည်၊ အသီးအရွက်၊ ခရမ်းချဉ်သီး၊ ဥ နှင့် နို့ထွက်ပစ္စည်းများ လဲ ပိုစားပေးပါ။မျက်စိရောဂါ ကင်းဝေကြပါစေ။

Monday 19 August 2013

Aung La Nsang က အမေရိကန်နိုင်ငံသားအား အနိုင်ယူ


မြန်မာ နိုင်ငံသား ကချင်လူမျိုး Aung La Nsang သည် Cage Fury Fighting Championship ပြိုင်ပွဲတွင် ပြိုင်ဘက် Goodridge ကို အနိုင်ရရှိခဲ့သည်။

ကချင်လူမျိုးAung La Nsang သည် ပြိုင်ဘက် Goodridge အား အသာစီးမှ ထိုး သတ်နိုင်ခဲ့ပြီး ဒုတိယအချီ ၁ မိနစ် ၄၄ စက္ကန့်တွင် အနိုင်ရ သွားခဲ့ခြင်း ဖြစ်သည်။

အသက် ၂၈ နှစ်ရှိပြီဖြစ် သည့် Aung La Nsang သည် အမေရိကန်နိုင်ငံသား အသက် ၂၃ နှစ် အရွယ်ရှိသည့် Goodridge ၏ လည်ပင်းအား မလှုပ် နိုင်အောင် နောက်မှ ချုပ်ကိုင် နိုင်ခဲ့ပြီး ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ ခြင်းလည်းဖြစ်သည်။

Aung La Nsang သည်ယခုလိုအနိုင်ရခဲ့သည့်အတွက် ကြောင့် ကစားသမားသက်တမ်း တစ်လျှောက် စုစုပေါင်း ၁၄ ပွဲမြောက် နိုင်ပွဲရခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ အနိုင်ရခဲ့ခြင်းအပေါ် Aung La Nsang ၏ လူမှုကွန် ယက်အကောင့်များဖြစ်သည့် Facebook နှင့် Twitter အကောင့်များပေါ်တွင် နိုင်ငံ ပေါင်းစုံမှ ပရိသတ်များက ဂုဏ်ပြုမှုများ ပြုလုပ်ခဲ့သည်။

တုပ်ကွေး တွန်းလှန်နိုင်သည့် ခွန်အားပြည့် အစာများ


တုပ်ကွေး တွန်းလှန်နိုင်သည့် ခွန်အားပြည့် အစာများတုပ်ကွေးကို တွန်းလှန်နိုင်စွမ်း ရှိပြီး ကိုယ်ခံစွမ်းအား စနစ်ကိုလည်း ကောင်းမွန်စေတဲ့ အောက်ပါ အစာတွေကို ဖျားချင်သလိုလို၊ ကိုယ်လက်ကိုက်ခဲ နွမ်းနယ်နေသလိုလို ဖြစ်တဲ့ အခါတွေမှာ စားပေးပါ။ တုပ်ကွေး လက္ခဏာနဲ့ ပြင်းထန်မှုကို လျော့ပါးသွား စေပါတယ်။

မှိုစွပ်ပြုတ်

မှိုတွေကို စွပ်ပြုတ်ထဲ ထည့်ချက်ပြီး သောက်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန် တိုးတက်စေပါတယ်။ တက်ဖ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ မှိုတွေဟာ ဗိုင်းရပ်စ်ပိုးကို တွန်းလှန်နိုင်တဲ့ ပရိုတင်းဓာတ် ထုတ်လုပ်မှုကို တိုးမြင့်စေပြီး တုပ်ကွေးကို တွန်းလှန်ပေးနိုင်စွမ်း ရှိကြောင်း သိရပါတယ်။

ချိစ် (Cheese)

ဆင်းဒဝှစ်ခ်ျ၊ ပီဇာ၊ ပေါင်မုန့်တွေမှာ ချိစ်ထည့်ပြီး စားပေးပါ။ ချိစ်တစ်ပြားမှာ ပါတဲ့ အကျိုးပြု ဘက်တီးရီးယားဟာ ခန္ဓာကိုယ်ကို ကာကွယ်ပေးပြီး ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေတဲ့ ဘက်တီးရီးယားတွေ ဖြစ်ပါတယ်။

လိမ္မော်သီး

တစ်နေ့ လိမ္မော်သီး နှစ်လုံး-သုံးလုံးလောက် စားပါ။ ဒါဆိုရင် ဗီတာမင်စီ ၂၀၀ မီလီဂရမ် ရရှိတာကြောင့် တုပ်ကွေးလက္ခဏာ ခံစားရချိန်ကို တိုတောင်းစေပါတယ်။ လေ့လာမှုအရ လိမ္မော်သီးမှာ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ ဖိုင်တိုနျူးထရီးရန့်တွေ ပါဝင်တယ်လို့ သိရပါတယ်။

Sunday 18 August 2013

ရွန်းနီ ရဲ့ အသင်းပြောင်းရွှေ့မှုကောလဟာလ အဆုံးသတ်သွားပြီဖြစ်

မန်ယူအသင်းတိုက်စစ်မှူး ရွန်းနီ ရဲ့ အသင်းပြောင်းရွှေ့မှုကောလဟာလဟာ အဆုံးသတ် သွားပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။

ရွန်းနီ ဟာ မန်ယူအသင်းလေ့ကျင့်ရေးကွင်းမှာ လာရောက်လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ ရွန်းနီ ဟာ အသင်းနဲ့စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်သလို ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ မျှော်လင့်ချက်မရှိတော့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ စကော့တလန် အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ကစားခဲ့တာဖြစ်ပြီး မန်ယူအသင်းရဲ့ ရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ ဆွမ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ ရွန်းနီ ကို ပါဝင်ကစားစေမှာဖြစ်ပါတယ်။

မိုယက်စ် ရဲ့ ယာယီလူစာရင်းမှာတော့ ရွန်းနီ ကို ထည့်သွင်းထားတာဖြစ်ပြီး ရာဖေးနဲ့ ဟာနန်ဒက်တို့ဟာ တံကောက်ကြော ဒဏ်ရာ ရရှိနေတာကြောင့် နာနီနဲ့ အက်ရှ်လေယန်းတို့အတွဲကို တောင်ပံမှာ ထုတ်ကစားဖွယ်ရှိပါတယ်။ ဒါ့အပြင် ကာရစ်ဟာ မျက်လုံးဒဏ်ရာမှ ပြန်လည်သက်သာလာတာကြောင့် အသင်းရဲ့ ပရီးမီးယားလိဂ် ဖလားမျှော်လင့်ချက်ဟာ အသင်းတိုက် စစ်မှူးတွေရဲ့ ကြိုးပမ်းမှုကိုသာ စောင့်မျှော်ရတော့မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မိုယက်စ်အနေနဲ့ အသင်းကို အပြောင်းအလဲပြုလုပ်ခဲ့ခြင်းမရှိသလို အသင်းရဲ့ အဓိကကစားသမား ရွန်းနီ ကို မည်သည့်အသင်းကိုမှ ရောင်းချသွားမှာမဟုတ်ကြောင်း ပြောကြားခဲ့ တယ်လို့ သိရပါတယ်။

Saturday 17 August 2013

စကပ်တိုလွန်းခြင်း၊ အောက်ခံဘောင်းဘီ ပေါ်ခြင်းကြောင့် ရွှေမှုန်ရတီရဲ့ ဇာတ်ကားတွေ ဆင်ဆာ အများဆုံးထိနေ

ပွင့်လင်းမြင်သာတဲ့ ခေတ်အခြေအနေအရ မြန်မာ့ရုပ်ရှင် လောကမှာ ဆင်ဆာလွတ်လပ်ခွင့်တွေ အများကြီး ရရှိလာပါတယ်။ ဒါပေမယ့် ဆင်ဆာလွတ်လပ်ခွင့်တွေ ဘယ်လောက်ပဲ ပေးပေး ဆင်ဆာ ငြိတဲ့ ဇာတ်ကားတွေကတော့ ရှိနေဆဲပါပဲ။

ဇူလိုင်လအတွင်းက ဆင်ဆာစီစစ်ရေးအဖွဲ့ရဲ့ စိစစ်မှုအရ ဆင်ဆာငြိ ဇာတ်ကား (၂၃) ကားရှိနေတယ်လို့ သိရပါတယ်။ အဲဒီကားထဲက ဇူလိုင်လရဲ့ အစည်းအဝေးအမှတ် (၂၅/၂၀၁၃)နဲ့ (၂၇/ ၂၀၁၃) ဆုံးဖြတ်ချက်အရ စကပ်တိုလွန်းခြင်း ၊ အောက်ခံ ဘောင်းဘီ ပေါ်ခြင်း၊ ဘောင်းဘီတင်းကျပ်လွန်းခြင်းတွေကြောင့် ဆင်ဆာငြိတဲ့ ဇာတ်ကား ငါးကား ပါဝင်နေပြီး အဲဒီအထဲမှာ ရွှေမှုန်ရတီ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာ သုံးကားရှိနေပါတယ်။ ရွှေမှုန်၇တီကတော့ သရုပ်ပျက်ဝတ်စားတာကို သဘောကျသူမဟုတ်ပဲ ရိုးရှင်းတဲ့ ၀တ်စားဆင်ယင်မှုကိုသာ နှစ်သက်သူဖြစ်ပြီး သူမအနေနဲ့လည်း အမြဲတမ်း ရိုးရှင်းစွာ ၀တ်ဆင်တက်သူ ဖြစ်ကြောင်း မီဒီယာ တစ်ခုမှ ပြောဆိုထား ပါတယ်။

ဂျင်းဘောင်းဘီရှည်ကို ရှပ်အင်္ကျီနဲ့ တွဲဝတ်ထားပြီး ဦးထုပ်ဆောင်းတဲ့ စတိုင်လ်က ဘယ်တော့မှ မပြောင်းလဲတဲ့ ရွှေမှုန်ရတီရဲ့ စတိုင်လ်လို့လည်း အသိပေးသွားပါတယ်။

Friday 16 August 2013

ခါးနာခြင်းအတွက် အိမ်တွင်းကုထုံး

ယေဘုယျအားဖြင့် ခါးနာခြင်းသည် သက်ကြီးပိုင်းအမျိုးသားများတွင် အဖြစ်များလေ့ရှိသည်။ သို့ သော် အနေအထိုင်ပုံစံမမှန်ခြင်း၊ အားစိုက်လွန်း၍ကြွက်သား နှင့်အကြောများဒဏ်ဖြစ်ခြင်း၊ အ၀လွန်၍ဗိုက်တွင်အဆီစုဝေးခြင်းတို့ ကြောင့်လည်း သက်ကြီးပိုင်း သာမက၊ သက်လတ်ပိုင်း အမျိုးသား၊ အမျိုးသမီးများ တို့ ခါးနာတတ်ကြသည်။ ထို့ ပြင် သားအိမ်ပတ်ဝန်းကျင် အရိုးနှင့်ကပ်နေ သည့်အရွတ်များ ဆွဲဆန့် ရခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအားလုံးနီပါး ခါးနာလေ့ရှိကြသည်။ နာတာရှည် ခါးနာလာပြီ ဆိုမှဖြင့်၊ အအိပ်ပျက်-အစားပျက်-အလုပ်ပျက်ကာ ခံစားရသူအဖို့  ပင်ပန်းခက်ခဲရုံမက၊ ဘေးမှမြင်ရသူအဖို့ လည်း စိတ်မသက် သာလှပေ။

ကျောက်ကပ်၊ ဆီးအိမ်၊ သားအိမ်ရောဂါများကြောင့်လည်း ခါးနာတတ်ပေရာ၊ ဝေဒနာမပြင်းထန်ခင် ကုသမှုခံယူရင်း အောက်ပါ အိမ်တွင်းကုထုံးများဖြင့် သက်သာနိုင်ကြပါစေရန် မျှဝေလိုက်ရပါသည်။

ခါးနာသည့်နေရာသို့ ရေနွေးအိတ်ကပ်ပေး၍၊ ပူနွေးသော အစားအစာများကို စားပေးပါ။ထမင်းစားသည့်အခါတိုင်း ကြက် သွန်ဖြူစားပေးပါ။ခါးနာခြင်းအတွက် ပင်စိမ်းရွက်က အကောင်းဆုံးသမားတော် ဟုအဆိုရှိရာ၊ ပင်စိမ်းရွက်ကို ၂-ခွက် ၁-ခွင်တင်ပြုတ်၍ အအေးခံကာ ဆားအနည်းငယ်ထဲ့သောက်ပါ။
ယူကလစ်ဆီ နှင့် မုန်ညင်းဆီတို့ ရော၍ အရေပြားထဲစိမ့်ဝင်အောင် အသာအယာ နှိပ်နယ်ပေးပါ။

ထမင်းစားပြီးတိုင်း သကာရည် (သို့ မဟုတ်) တင်လဲရည် စားပွဲတင်ဇွန်း ၁-ဇွန်းခန့် ကို ရေနွေးဖြူဖြင့် သောက်ပေးပါ။ဖာလာစေ့ကို ပျား ရည်ဖြင့် နှဲ၍ သောက်ခြင်းကလည်း အမြန်ဆုံးသက်သာလာစေပါတယ်.
အသာအယာ နှိပ်နယ်ပြီး ဆေးဖယောင်းချက် ကပ်ပေးပါ။
ရေခဲတုံးလေးများကို အ၀တ် (သို့ မဟုတ်) ဂုံနီအိတ်ပါးထဲထဲ့၍ အသာယအယာ လှိမ့်ပေးနိုင်ပါတယ်။

မွေ့ ယာခင်းမထားသော ကုတင် (သို့ မဟုတ်) ကြမ်းပြင်ပေါ် ငြိမ်သက်စွာ ပက်လက်လှဲခြင်းက သွေးများကောင်းစွာ စီးဆင်လည်ပတ်စေသလို၊ အကြောအချဉ်ပြေ၍ ခါးနာခြင်းကို သက်သာစေပါတယ်။
ဒဏ်ကြေဆေးပူလိမ်းပေးနိုင်ပါတယ်။ (ကိုယ်ဝန်ဆောင်များကို မဆိုလိုပါ)
မပြင်းထန်သော ခပ်ဖော့ဖော့ အကြောပြင်လေ့ကျင့်ခဏ်းများကလည်း ခါးနာသက်သာအောင် အထောက်အကူ ဖြစ်စေပါတယ်။ (အမှန်တကယ် အရိုးအကြောနားလည်တတ်ကျွမ်းသူနှင့်ကုသမှုခံယူပါ)

Monday 12 August 2013

နိုင်ငံခြားရုပ်ရှင်များကြည့်ရန်

ရုပ်ရှင်ကြည့်ရန်

ဝဏ္ဏသိဒိ္ဓကွင်းဖြစ်ရပ်အတွက် နေပြည်တော်အသင်းတွင်သာ တာဝန်ရှိဟု အသင်းဒု-ဥက္ကဋ္ဌ တောင်းပန်စကားဆို


ဒါပေမယ့် မီဒီယာများဘက်လိုက်ရေးသားမှုရှိနေဟု စွပ်စွဲ

နေပြည်တော်အသင်း ဒု-ဥက္ကဋ္ဌ ဦးစိုးသီဟက ၀ဏ္ဏသိဒိ္ဓကွင်းတွင်ဖြစ်ပွားခဲ့သော ပြဿနာများအတွက်
နေပြည်တော်အသင်း အုပ်ချုပ်မှုအဖွဲ့တွင်သာ တာဝန်ရှိကြောင်း မဇ္ဈိမသို့ ပြောသည်။

“ဖြစ်ခဲ့တဲ့ ပြဿနာတွေအားလုံးအတွက...် ကျွန်တော်အပါအ၀င် နေပြည်တော်အသင်း အုပ်ချုပ်မှုအဖွဲ့မှာ တာဝန်ရှိ တယ်လို့ ခံယူပါတယ်။ ဘယ်သူ့မှာမှ အပြစ်မရှိပါဘူး။ ကျွန်တော်တို့က ဒီပွဲကိုအစအဆုံး တာဝန်ယူ ကျင်းပ ခဲ့တဲ့အတွက် ကျွန်တော်တို့မှာပဲ တာဝန်ရှိပါတယ်။ ဒီပွဲကို တက်ရောက်ချီးမြှင့်ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ အားကစားဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ပွဲလာကြည့်တဲ့ ပရိသတ်တွေ၊ တစ်နိုင်ငံလုံးရုပ်သံကနေ ကြည့်ရှုအားပေးခဲ့တဲ့ ပရိသတ်တွေအားလုံးကို နေပြည်တော်အသင်း ကိုယ်စား တောင်းပန်လိုပါတယ်” ဟု ဦးစိုးသီဟက မဇ္ဈိမ၏ဆက်သွယ် မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

သို့သော် ဦးစိုးသီဟက နေပြည်တော်-ရန်ကုန်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး မီဒီယာများ၏ရေးသားဖော်ပြမှုမှာ ဘက်လိုက်ရေးသားမှုများ ရှိနေကြောင်း စွပ်စွဲပြောကြားခဲ့သည်။

“မီဒီယာတွေရဲ့ ရေးသားဖော်ပြမှုတွေနဲ့ ပတ်သက်ပြီး ဘာမှတော့သိပ်မပြောလိုပါဘူး။ ဒါပေမဲ့ ဘက် လိုက်ရေးသား မှုတွေ ရှိနေတယ်လို့ ထင်ပါတယ်။ ဒါကိုလည်း နားလည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်က ခေါ်လာတဲ့ မီဒီယာတွေဖြစ်နေပြီး ကျွန်တော်တို့ဘက်က မီဒီယာမှမရှိတာ” ဟု ဦးစိုးသီဟက ဆိုသည်။ နေပြည်တော်အသင်း အနေဖြင့် စည်းကမ်းထိန်းသိမ်းရေးမှချမှတ်မည့် ပြစ်ဒဏ်အခြေအနေ အပေါ်မူတည်ပြီး ကစားသမားများကို အရေးယူ ရန်လည်း စီစဉ်ထားကာ လာမည့်ပွဲစဉ်များတွင် ကစား သမားများ ပရော်ဖက်ရှင်နယ် ပိုမိုပီသ လာစေရန်နှင့် ပရိသတ်များ ယဉ်ကျေးစွာ အားပေးတတ်လာစေရန်အတွက် ပညာပေးစည်းရုံးမှုများ ပြုလုပ်ရန် စီစဉ်ထားသည်။

လင်မယားကွဲနိုင်သည့် မြန်မာနိုင်ငံက မိုဘိုင်းဖုန်းစနစ်အကြောင်း

မြန်မာနိုင်ငံမှာ ဟန်းဖုန်းလို့ခေါ်ကြသည့် မိုဘိုင်းတယ်လီဖုန်းတွေပေါ်လာသည့်အခါ ဈေးကြီးပေးပြီး ၀ယ်သုံးနိုင် သူတွေ ဂုဏ်တက်ကြသည်။ ရင်ကော့ကြသည်။ လူပုံအလယ်မှာ ဟန်းဖုန်းပြောရတာ အရမ်းဂုဏ်တက်သည်။ အရသာရှိသည်။ လူသူမမြင်ကွယ်ရာ အိမ်ထဲမှာဟန်းဖုန်းမပြောဘဲ လမ်းပေါ်တက်ပြီး စကားပြောပြသည်။ ဟန်းဖုန်းကိုင်နိုင်တာ၊ သုံးနိုင်တာကို ပတ်ဝန်းကျင်ကမြင်ပြီး အထင်ကြီးခံချင်လို့ လူမြင်ကွင်းကိုထွက်ပြီး ဟန်းဖုန်းပြောသည်။ ရယ်စရာ တော်တော်ကောင်းသည်။

ခေတ်မီတိုးတက်သည့်နိုင်ငံတွေမှာ မူလတန်းကျောင်းသူ၊ ကျောင်းသား၊ အိမ်ဖော်၊ ဆိုက်ကားသမား၊ ဂျပိုး၊ သူခိုးက အစသုံးနိုင်သည့် ဟန်းဖုန်းကို ဒီနိုင်ငံမှာဗိုလ်ချုပ်တွေနှင့် ခရိုနီသူဌေးတွေသာကိုင်ခွင့်ရှိသော ဆက်သွယ်ရေး ကိရိယာဖြစ်ပေါ်ပေါက်လာသောအခါ ကိုင်ကွယ်အသုံးပြုနိုင်သူတွေ ဘ၀မြင့်ကြသည်။ ကြွား ကြသည်။ ဂုဏ်ယူကြသည်။ စာရေးဆရာမ အဘွားကြီးတစ်ယောက်ဆိုရင် သူ့မှာ ဟန်းဖုန်းရှိကြောင်းကို အများပြည်သူနှင့် စာဖတ်ပရိသတ်တွေသိအောင် မဂ္ဂဇင်း၊ စာစောင်တွေက အခန်းဆက်ဆောင်းပါး ရေးခဲ့သည်။ ကျွန်တော်တောင် နှစ်ပုဒ်လောက် ဖတ်လိုက်ရသည်။

မြန်မာနိုင်ငံမှာ ဟန်းဖုန်းကိုင်ချင်လျှင် လျှောက်လွှာတင်ပါဆိုလို့ လျှောက်လွှာတင်ကြသည်။ ကျွန်တော် မတင်ပါ။ မကိုင်ချင်လို့ မတင်ပါ။ စင်ကာပူလိုနိုင်ငံမှာတောင် စတိုးဆိုင်မှာ အလွတ်ဝယ်လို့ရသည့် ဟန်းဖုန်းကိုမြန်မာနိုင်ငံမှာ လျှောက်လွာတင်ရမည်ဆိုသည့် အတွက်မတင်လိုပါ။ စင်ကာပူမှာ မိုဘိုင်းဖုန်း ကုမ္ပဏီက ဆင်းကဒ်ဝယ်လျှင် တယ်လီဖုန်း (ဟန်းဆက်) အခမဲ့ပေးသည်။ မြန်မာနိုင်ငံမှာ ဟန်းဖုန်းသည် အထက်တန်းလွှာ လူတန်းစားအတွက်သာ သီးသန့်ပစ္စည်းဆိုသည့်အတွက် မကျေနပ်လို့ မကိုင်ချင်ပါ။ ဆင်းရဲသားအခြေခံ လူတန်းစား အတွက် မခံချင်လို့ မကိုင်ချင်ပါ။ ဟန်းဖုန်းကိုင်နိုင်တာဟာ ဂုဏ်ယူစရာမဟုတ်လို့ ထင်သည့်အတွက် လျှောက်လွှာ မတင်ဘဲ နေပါသည်။

ကျွန်တော်မိသားစုက ကျွန်တော်မသိအောင် ကျွန်တော်နာမည်ကိုသုံးပြီး လျှောက်လွှာတင်ကြသည်။ ရှိစု မဲ့စု ဂုဏ်ပုဒ်တွေကို ဖော်ပြပြီးလျှောက်ကြတယ်။ စစ်သားလူထွက်၊ သင်္ဘောသားဟောင်း၊ စာရေးဆရာဆိုတာတွေဖော်ပြသည်ဟု သိရသည်။ ကျွန်တော်တို့ မိသားစုမှာသာမက၊ တစ်ဆွေလုံး၊ တစ်မျိုးလုံးမှာပင် အဲဒီလောက်ဂုဏ်ပုဒ်ကို ဖော်ပြနိုင်တာ ကျွန်တော်တစ်ယောက်တည်းသာရှိသည်။ ကျန်တာတွေက ပျံကျလုပ်သား၊ လယ်သမား၊ရေလုပ်သားတွေ ဖြစ်သည်။ ဟန်းဖုန်းနှင့် မိုင်ပေါင်းကုဋေလောက်ဝေးသည့် လူတန်းစားတွေ ဖြစ်သည်။

သုံးနှစ်လောက်အကြာမှာ လျှောက်လွှာဆယ်စောင်လောက် လျှောက်ထားရာမှာ ဘယ်လျှောက်လွှာကပေါက်မှန်း မသိရသည့် အကြောင်းကြားစာတစ်စောင် စာတိုက်ကရောက်လာပါသည်။ စာပို့လူလင်ကို မုန့်ဖိုး ကျပ် ၅၀၀၀ ပေးပြီး စာလက်ခံလိုက်ရသည်။ သိန်းတစ်ထောင်ဆုကြီးပေါက်သလို မိသားစု ၀မ်းသာကြတာ တွေ့ရသည်။ ကျွန်တော်က ရယ်ချင်လို့ ပြုံးလိုက်မိသည်။ မြန်မာလူမျိုး သန်းခြောက်ဆယ်မှာ လူဦးရေ တစ်သိန်းပြည့်အောင်တောင် ဟန်းဖုန်းမကိုင်နိုင်သေးသည့် နိုင်ငံပါလားလို့ဝမ်းနည်းစွာ တွေးနေမိသည်။

မဲပေါက်သည့် ဂျီအစ်စ်အင်းကတ်ကို သွားထုတ်သည့်အခါ ၁၅ သိန်းပေးခဲ့ရသည်။ ဟန်းဆက်ဘတ်ထရီနှင့် အားသွင်းကိရိယာတွေမရခဲ့ပါ။ တာဝန်ရှိသူက အဲဒါကိုဝယ်ယူရရှိနိုင်သည့်ဆိုင်တွေကို ညွှန်းပေးပါ သည်။ အဲဒီ ပစ္စည်းတွေကို လက်ခံရရှိကြောင်း၊ ပျက်လျှင် ပြင်ပေးပါမည်။ ပျောက်ဆုံးလျှင် လျှော်ပေးပါမည်ဆိုတာ လက်မှတ်ထိုး ခဲ့ရပါသည်။ ဒီတော့မှ ၁၅သိန်းတန်ဆင်းကဒ်သည်။ အပိုင်ရတာမဟုတ်၊ ခေတ္တ ဌားကိုင်ရတာဖြစ်ကြောင်း သိရတော့ သည်။ အချိန်မရွေး ပိတ်သိမ်း၊ ပြန်သိမ်းတဲ့နည်းဖြင့် ၁၅ သိန်း ဆုံး နိုင်ကြောင်းကို စာချုပ်မှာရေးထားသည်။ ဟန်းဖုန်း ထုတ်ယူလာသည့်အခါ ကျွန်တော့်ဇနီး ဒေါ်ဖြူတုတ်က ပြောသည်။

“ဒီဖုန်းကို ရှင်ကိုင်ရမယ် ...”

“ဘာအတွက် ငါကိုင်ရမလဲ၊ မကိုင်ချင်ဘူး”

“အကြောင်းရှိတယ် နောက်တော့သိလိမ့်မယ်။ ရှင်ပဲကိုင်ရမယ်၊ မကိုင်ချင်လို့ မရဘူး”

ကျွန်တော်ဇနီး ဒေါ်ဖြူတုတ်က ကျွန်တော့်ကို ဟန်းဖုန်းကိုင်စေချင်သည့်အကြောင်းကို မကြာခင် သိရတော့သည်။ ရှင်အခု ဘယ်မှာလဲ”

“လေထန်းကုန်က လက်ဖက်ရည်ဆိုင်မှာ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ တွေနဲ့အတူ ထိုင်ပြီးစာအကြောင်း ပေအကြောင်း ပြောနေတာပေါ့ကွယ်”

အရည်မရအဖတ်မရ စကားတွေပြောပြီး အချိန်ဖြုန်းနေတယ်ပေါ့။ အခုချက်ချင်း ပြန်လာခဲ့”

ကျွန်တော့်ကို ဟန်းဖုန်းကိုင်စေချင်တာအကြောင်းရှိတယ်၊ နောက်တော့ သိလိမ့်မယ်ဆိုတာ ဒါပဲဖြစ်မည်။ ကျွန်တော့် ကို ချည်တိုင်ပြန်ဝင်ခိုင်းရာမှာ သုံးဖို့အတွက်ဆိုတာ သိလိုက်သည်။ ဒီဟန်းဖုန်းအပေါ်မှာ စကတည်းက မကျေနပ် ဖြစ်နေတာ အခုတော့ပိုပြီး မကျေမနပ်ဖြစ်လာသည်။ ၁၅ သိန်းတောင်ပေးထား ရသည့် တယ်လီဖုန်းဖြစ်လို့ မတရား လုပ်ခံထားရတယ်ထင်ပြီး မကျေမနပ်ဖြစ်နေသည်။

ဒီကြားထဲမှာ ၅သိန်းတန်ဟန်းဖုန်းဆိုတာ ပေါ်လာပြန်သည်။ ငါးသိန်းနဲ့ ဟန်းဖုန်းကိုင်နိုင်ပြီဆိုတော့ ကျွန်တော်က ၁၅သိန်းပေးပြီး ငှားကိုင်နေရသူဖြစ်လို့ မကျေနပ်ချက်က ပိုမိုပြင်းထန်လာသည်။  ဟောမကြာပါဘူးဗျာနှစ်သိန်းတန် ဟန်းဖုန်းဆိုပြီး ပေါ်လာပြန်သည့် အခါမှာတော့ ကျွန်တော်မကျေနပ်ချက်သည် အထွဋ်အထိပ်သို့ရောက်သွားလေတော့သည်။ ဟန်ဖုန်းကိုင်ခိုင်းသည့် ကျွန်တော့်ဇနီးကို မဲတော့သည်။

“နင့်ကြောင့် ပိုက်ဆံ ၁၅ သိန်းတောင်ပေးခဲ့ရတယ်။ အခု နှစ်သိန်းနဲ့ရနေပြီလေ”

သူ့အပြစ်နဲ့သူဖြစ်နေလို့ ဘာမှပြန်မပြောဘဲ ငြိမ်ခံနေသည်။ သူ့အတွက်ကတော့ ကျွန်တော့်ကို ထိန်းချုပ်သည့် ကိရိယာတပ်ဆင်ပေးထားရလို့ ကျေနပ်နေပုံသည်။ ဒီအခြေအနေမှာပဲ ကျွန်တော်တို့ လင်းမယား ကွဲလောက်သည့်နောက်ဆုံးအခြေအနေ ဖြစ်လာပြန်သည်။ ၁၅၀၀ တန်ဆင်းကဒ်တွေ ရောင်းချပေးနေ ပြီးဆိုသည့်သတင်း ဖြစ်သည်။ ကျွန်တော့်၏မကျေနပ်မှုသည် အထွတ်အထိပ်မှ ပေါက်ကွဲသည့်အဆင့် ကိုရောက်သွားတော့သည်။

“၁၅၀၀ နဲ့ လူတိုင်း ဟန်းဖုန်းကိုင်နိုင်တဲ့ ခေတ်မှာ ငါ့ဟန်းဖုန်းက ၁၅သိန်းပေးရတယ်။အဲဒါနင့်ကြောင့် ရွှေ ၁၅ ကျပ်သား ၀ယ်ထားလိုက်ရင် သိန်းတစ်ရာကျော်ဖြစ်နေပြီ။ အခုတော့ ၁၅ကျပ်နဲ့ ၁၅သိန်း ဂုဏ်ရည် အတူတူ ဖြစ်သွားပြီ။ အဲဒါနင့်ကြောင့် နင့်ကြောင့်”

မဖြူတုတ်က အရေထူသည် ကျွန်တော် ပြောချင်တာပြော၊ ဂရုမစိုက် ကျွန်တော့်ကို ထိန်းချုပ်သည့် ကိရိယာ တပ်ဆင်ပေးထားရသည့်အတွက် ကျေနပ်နေသည်။ ကျွန်တော် ဟန်းဖုန်းကိုစိတ်နာနေလို့ တစ်ခါတစ်လေ ကိုင်ဖို့မေ့နေသည် မြို့ထဲသွားတာ ယူသွားဖို့မေ့သည်။ စာရေးစာပွဲပေါ်မှာ ကျန်နေခဲ့သည်။ ကျွန်တော့်ဟန်ဖုန်းကို ဘယ်တော့မှမပိတ် နေ့ရောညပါ အမြဲဖွင့်ထားသည်။ စာရေးစာပွဲပေါ်မှာ စက်ဖွင့်လျှက် ပဲမေ့ကျန်နေခဲ့တာဖြစ်သည်။ မဖြူတုတ်၏ အမိန့်သံ “ရှင်ဘယ်ရောက်နေလဲ၊ အခုချက်ချင်းပြန်လာခဲ့” ဆိုသည့် လေသံမာမာကို မကြားရသည့် အတွက် စိတ်ချမ်းသာသည်။ ညနေမိုးချုပ်တော့မှာ အိမ်ကိုပြန်ဝင်ခဲ့သည်။ အိမ်ပြန်ရောက်လာတော့မှ လေသံ မာမာကို ကြားရတော့သည်။

အခု ဘယ်ကပြန်လာလဲ။ ပဂိုးကလား၊ တွံတေးကလား၊ ကျောက်တန်းရေလယ်ဘုရား ကလား၊ရှင့်အနားမှာထိုင်၊ ရှင့်တယ်လီဖုန်းကိုကိုင်ပြီး ကျူပ်ခေါ်လိုက်တိုင်း ပြန်ဖြေနေတဲ့ အကောင့်မက ဘယ်ကအကောင်မလဲ၊ ကျုပ်ကို အားမနာ “လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိ နေပါသဖြင့်ခေါ်ဆို၍ မရနိုင်ပါရှင်လို့ ပြောလိုက်၊ မအားသေးပါရှင်လို့ ပြောလိုက်၊ တပ်ဆင်ထားခြင်း မရှိသေးပါရှင်လို့ လိမ်လိုက်၊ ဌာနမှ ခေတ္တပိတ်ထားပါသည်ရှင် ဆိုတာတောင်ပါသေးတယ်။ အဲဒီကောင်မက ဘယ်သူလဲ၊ ဘယ်ကို အတူ သွားခဲ့ကြတာလဲ”

နင်ဘာတွေလျှောက်ပြောနေတာလဲ၊ ငါ့မှာ တယ်လီဖုန်းပါမသွားဘူး၊။ ဟော့ ဟိုမှာတွေ့လား၊ စာရေးစားပွဲပေါ်မှာမေ့ကျန်နေခဲ့တယ်”

“အေးဟယ်၊ ဟုတ်သားပဲ၊ ဒီတယ်လီဖုန်းကလည်း အိမ်ကနေပြီး အမျိုးမျိုး ပြန်ဖြေနေတာပဲ”

မဖြူတုတ်သည် မချိုမချဉ်မျက်နှာဖြင့် ကျေနပ်သွားသည်။ ကျွန်တော် မြို့ထဲသွားစဉ်က တယ်လီဖုန်းယူ သွားမိရင် လင်မယားကွဲနိုင်သည်။ တော်ပါသေးရဲ့ဟု တွေးမိသည်။ ။

Sunday 11 August 2013

ကားထဲတွင်ကျန်သော ရေသန့်ဘူးမှ ရေကို မသောက်သင့်

အနောက်တိုင်း ဆေးပညာရှင်များရဲ့  လေ့လာတွေ့ရှိချက်ဖြစ်ကြောင်း ဆိုပါတယ်။ ကားထဲမှာ အချိန်အတော်ကြာ ထားရှိခဲ့တဲ့ ရေသန့်ဘူး မှ ရေများကို သောက်သုံးခြင်းဟာ ကင်ဆာ နှင့် အခြားသော ရောဂါ များကို ပိုမိုဖြစ်လွယ်စေကြောင်း သိရပါတယ်။

ကားအတွင်း အပူအချိန်ဟာ ပြင်ပ အပူချိန်ထက် သိသိသာသာ ပိုနေ တတ်ပြီး ယင်းထဲမှာ အကြာကြီးချိန်ထားတဲ့ ပလပ်စတစ် နဲ့ ပြုလုပ်ရေ သန့်ဘူး ဟာ Dioxins လို့ခေါ်တဲ့ ဓာတုဗေဒ ဓာတ်တစ်မျိုးကို ထုတ်လုပ်တယ်လို့ ဆိုပါတယ်။ ယင်း ဓာတုဗေဒ ဓာတ်ဟာ အမျိုးသမီးတွေ မှာ ရင်သားကင်ဆာ ဖြစ်စေဖို့အတွက် အဓိက ထောက်ပံ့ပေးတဲ့ ပိုးမွားဖြစ်ပြီး အမျိုးသမီးတင်မက၊ အမျိုးသားများကိုပါ ကင်ဆာနဲ့ ဆက်စပ်ရောဂါ များကို ဖြစ်ပွားစေကြောင်း ဆိုပါတယ်။

Dioxin တွေဟာ ရေနဲ့ ရောနှောသွားပြီး လူ့ခန္ဓာကိုယ်ကို ဆိုးကျိုးပေး တတ်တဲ့ ရောဂါပိုးအသွင်ကို ပြောင်းလဲသွားပါတယ်။ အဓိကကတော့ အပူဒဏ်ပါ။ ရေသန့်ဘူး တွေဟာ သာမန် အခန်းအပူချိန်မှာထားလို့ အဆင်ပြေပေမယ့် ယင်းထက် ပူလောင်တဲ့ ဘယ်လို အပူချိန် မှာပဲ ထားထား ပလပ်စတစ်နဲ့ ဓာတုဗေဒဓာတ်များ လောင်ကျွမ်းပြီး လူတို့ရဲ့  ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေပါတယ်။

ဒါကြောင့် ရေသန့်ဘူးထဲကို ရေပူထည့်ခြင်း၊ အပူလွန်ကဲနေသော နေရာနဲ့ ကားအတွင်းခန်းတို့လိုနေရာမှာ ထားခြင်းတို့ကို ရှောင်ကြဉ်ပြီး သောက်သုံး မှုကို မပြုလုပ်ရန် သတိပေး တားမြစ်ထားကြောင်း သိရပါတယ်။
Related Posts Plugin for WordPress, Blogger...

ဆက်သွယ်ရန်

foxyform