ထွေရာလေးပါး ဖါးအောက်သား မှ လှိုက်လှဲစွာကြိုဆိုပါသည်။

Wednesday 30 October 2013

ဝမ်းချုပ်လို့ စိတ်မညစ်နဲ့

ဝမ်းချုပ်လို့ စိတ်မညစ်နဲ့

ဆံပင်ဖြူထွက်ခြင်းကို ကာကွယ်ရန်

ဆံပင်ဖြူထွက်ခြင်းကို ကာကွယ်ရန်

Saturday 26 October 2013

[အရှေ့တောင်အာရှသူရဲကောင်းများ] (2013) [Album] MP3သီချင်း


ဒီမှာဒေါင်းပါ
ဒီမှာဒေါင်းပါ

We Love Sea Game (2013) [Official Album] MP3 သီချင်း




ဒီမှာဒေါင်းပါ
ဒီမှာဒေါင်းပါ
Password: www.ehlar.com
စုစုပေါင်းအပုဒ်(၃၀)ပါဝင်သည်။

Friday 25 October 2013

Samsung Galaxy S4 ကိုRooting မလုပ်ပဲ မြန်မာလိုမြင်ရပြီးအသုံးပြုနိုင်အောင်လုပ်နည်း

Samsung Galaxy S4 ကိုRooting မလုပ်ပဲ မြန်မာလိုမြင်ရပြီးအသုံးပြုနိုင်အောင်လုပ်နည်း

975355_530292567013171_1307516704_n975026_530292577013170_1799304444_n

972892_530292563679838_391050473_n962099_530297337012694_988378154_n

Friday 18 October 2013

(19.10.2013)လီဗာကူဆင် ပိုက်ပေါက်ဂိုးဖြင့်အနိုင်ရခြင်း Hoffenheim Vs Bayer Leverkusen ( Highlight BUNDESLIGA)


Hoffenheim 
1 - 2
 Bayer Leverkusen


ဒီမှာကြည့်ပါ

ခါးဆစ်ရိုး ထိခိုက်စေသည့် အမူအကျင့်များ

ခါးဆစ်ရိုး ထိခိုက်စေသည့် အမူအကျင့်များ

ထိပ်ပြောင်သူများ အတွက် ကြက်သွန်နီ

ထိပ်ပြောင်သူများ အတွက် ကြက်သွန်နီ

Wednesday 16 October 2013

ဝ လိုသူ ပိန်ချင်သူ ဗိုက်ခေါက်ထူ ဗိုက်ပူများ အတွက် ...... ( ကျားမ မရွေး သုံးဆောင်ပေး )

ဝ လိုသူ ပိန်ချင်သူ ဗိုက်ခေါက်ထူ ဗိုက်ပူများ အတွက် ...... ( ကျားမ မရွေး သုံးဆောင်ပေး )

Tuesday 15 October 2013

သွားကိုက်လို့ စိတ်ညစ်နေကြသူများအတွက်

သွားကိုက်လို့ စိတ်ညစ်နေကြသူများအတွက်

ကိုယ်ဝန်ဆောင်စဉ်ရှောင်ရမည့် အစားအစာများ

ကိုယ်ဝန်ဆောင်စဉ်ရှောင်ရမည့် အစားအစာများ

Monday 14 October 2013

မျက်စိညောင်း ခြင်းကို ကုသနည်းများ

 
ဒီနေ့ခေတ် ဘဝနေထိုင်မှု ပုံစံကြောင့် လူတွေ အိပ်ရေးပျက်တာ ၊ တီဗီ၊ ကွန်ပျူတာ အကြည့်များတာ၊ အင်တာနက် အသုံးများ တာတွေ ဖြစ်လာ ပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးနှင့် လွဲချော်တော့မည့် နာမည်ကျော်ကစားသမားများ

 
၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်အတွက် အောက်တိုဘာ ၁၂ ရက်နေ့က ကမ္ဘာတစ်ဝှမ်းမှာ ခြေစစ်ပွဲများ ကစားခဲ့ကြရာမှာ ခြေစစ်ပွဲအောင် အသင်းအချို့ ထွက်ပေါ်လာပြီ ဖြစ်သလို ကမ္ဘာ့ဖလားပြိုင်ပွဲကြီးနှင့် လွဲချော်တော့မည့် အသင်းများလည်း ထွက်ပေါ်လာပြီ ဖြစ်သည်။

Sunday 13 October 2013

အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ

အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ

Saturday 12 October 2013

ဝက်ခြံနှင့် ပတ်သက်သော အယူအဆမှားများ

ဝက်ခြံနှင့် ပတ်သက်သော အယူအဆမှားများ



Thursday 10 October 2013

သဘာဝအတိုင်း ဆံပင်ဖြောင့်လိုပါသလား


(၁) တရုတ်နံနံကြီးတစ်စီးမှ အရည်ညှစ်ပါ။ ပိတ်ပါးဖြင့် ခံပါ။ ထို့နောက် ပုလင်းထဲ ထည့်ပြီး တစ်ညသိပ်ထားပါ။ နောက်တစ်နေ့မှာတော့ ဆံ ပင်တစ်လျှောက်သာမက ဦးရေပြားထိ လိမ်းပေးပါ။ အဲဒီနောက် အသွားကျဲကျဲဘီးနဲ့ဖီးပေးပါ။ ပြီးနောက် ၁နာရီလောက်ထားပြီး ရေဆေးချပါ။ အဲဒီနောက် ဘီးဝိုင်း ဒါမှမဟုတ် သဘာဝအမွှေးအမျှင် ဘီးနဲ့ဖီးပေးပါ။

(၂) ဒုတိယနည်းကတော့ ရေခွက် တစ်ဝက်ကို နွားနို့ခွက်တစ်ဝက်နဲ့ ရောပါ။ ပြီးတဲ့နောက် စပရေးဖြန်းလို့ရတဲ့ဘူးထဲ ထည့်ပါ။ စပရေးမဖြန်းမီ ရှုပ်ထွေးနေတဲ့ဆံပင်တွေကို အရင်ရှင်းပါ။ ပြီးနောက် ဆံပင်ကို စပရေးနဲ့ဖြန်းပြီး တခေါက်ပြန်ဖီးပါ။ နာရီဝက်လောက်ထားပြီး ရေဆေးချပါ။ ဘီးကျဲကျဲနဲ့ဖီးပါ။ တစ်ပတ်ကို ၂ ကြိမ်မှ ၃ကြိမ်ထိ လုပ်ပေးပါ။

(၃) တတိယနည်းကတော့ အုန်းသီး တစ်လုံးကနေ အုန်းနို့ ညှစ်ပါ။ သံပရာရည် ၁ဇွန်း ရောပါ။ ပြီးတဲ့နောက် ရေခဲသေတ္တာထဲမှာ သိမ်းထားပါ။ နောက်နေ့မှာ အပေါ်ယံလွှာတင်းနေတဲ့ အလွှာကို ယူပြီး ဆံပင်မှာ လိမ်းပေးပါ။ အဲဒီနောက်ဆံပင်ကို တဘက်နွေးနွေးနဲ့အုပ်ပေါင်းထားပေးပါ။ ၁ နာရီလောက် ထားပါ။ ပြီးနောက် ရေဆေးချပြီး ဘီးကျဲကျဲ နဲ့ ဖီးပေးပါ။ တစ်ပတ်ကို ၂ ကြိမ်မှ ၃ ကြိမ်ထိ လုပ်ပေးပါ။
ဒီလုပ်ဆောင်တဲ့နည်းတွေက သင်တို့ကို ဆလွန်းတွေက အလှပြင်ပြီး ပြန်လာသလိုတော့ ဖြောင့်စင်း မလာစေပေမယ့် သာမန်ထက်ပိုပြီး ဆံပင်တွေ ဖြောင့်လာစေကာ ကုန်ကျစရိတ်သာမက ဆံပင်ပျက်စီးမှုကိုပါ သက်သာစေနိုင်ပါတယ်။

Wednesday 9 October 2013

ရင်သားကင်ဆာပြန်ဖြစ်တဲ့အခါ


ရင်သားကင်ဆာဟာ စောစီးစွာကုသလျှင် ပျောက်ကင်းနိုင်ပေမယ့် ကုသမှုနောက်ကျတဲ့အခါ၊ ကင်ဆာကျိတ်မကင်းစင်တဲ့အခါ ပြန်ဖြစ် တတ်ပါတယ်။ ပြန်ဖြစ်တယ်ဆိုတာ နှင့် မူလကထက် ပိုမိုပျံ့နှံ့လေ့ရှိပါ တယ်။

ကင်ဆာပျံ့တတ်သည့် နေရာများ – အဆုတ်၊ ရင်ခေါင်း၊ အသည်း၊ သငန် ရည်ကျိတ်၊ အရိုး၊ ဦးနှောက်တို့ကို ပျံ့တတ်ပါတယ်။ အခြားရင်သားတစ်ဖက်ကို ကူးတတ်သလို ဝေးဝေး လံလံလည်း ပျံ့တတ်ပါတယ်။

ကုသရန်ချည်းကပ်ပုံ – ရင်သားကင်ဆာ ပျံ့နှံ့မှုကို ကုသတဲ့အခါ ကင်ဆာ ပျံ့နှံ့မှုအဆင့်၊ ကင်ဆာအမျိုးအစား၊ ကင်ဆာကနဦး ဖြစ်ခဲ့သည့်အချိန်၊ ကုသခဲ့သည့်နည်းလမ်းများ၊ ကင်ဆာရောဂါအပြင် အခြားရောဂါများရှိမရှိ ကိုမူတည်ပြီး ကုသမှုနည်းလမ်းထပ်မံရွေးချယ်ရပါတယ်။

ကုသမှုအောင်မြင်သည့် အချက်များ – အနီးအနားများသို့သာ ပျံ့နေလျှင်၊ ကင်ဆာဆဲလ်များ၌ အီစထရိုဂျင်နှင့် ပရိုဂျက်စတီရုန်းဟော်မုန်းလက်ခံ ပစ္စည်း(receptor)ရှိထားလျှင်၊ ဟော်မုန်းကုထုံးနှင့် ဓာတုကုထုံးများ ထိရောက်လျှင်၊ ယခင်ကင်ဆာဖြစ်စဉ်က ကုသမှုနည်းပေါင်းစုံမသုံးထား လျှင်နောက်တစ်ကြိမ် ထပ်မံကုသတဲ့ အခါ ပျောက်ကင်းနိုင်ပါတယ်။

ကုသမှုနည်းလမ်းများ – ခန္ဓာကိုယ် တစ်ခုလုံး ပျံ့နှံ့နေသည့် ကင်ဆာဆဲလ်များကို ဦးတည်ကုသရန် ဓာတုကုထုံး၊ ဟော်မုန်းကုထုံးအသုံးပြုနိုင်သည်။ နေရာအနည်းငယ် ပျံ့နှံ့နေပါကဆိုင် ရာအစိတ်အပိုင်းအလိုက်ဓာတ် ရောင်ခြည်ပေး၍ ကုသနိုင်သည်။ ထိုအတောအတွင်း နာကျင်မှုသက်သာစေရန် ဆေးဝါးများဖြင့် ကုသနိုင် သည်။

Monday 7 October 2013

ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပ လျှိုဝှက်ချက်လား

ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပ လျှိုဝှက်ချက်လား ထမင်းချက်တဲ့အခါ ထမင်းပေါင်းအိုး တွေနဲ့သာ ချက်ကြတော့တဲ့ အခုခေတ်မှာ ထမင်းရည် လို့မေးလိုက်ရင် တော်တော်ရှာရမယ် ထင်ပါတယ်။ ထမင်းရည် ဟာဆန်ကို ချက်တဲ့အခါ ရေနည်းနည်း ပိုထည့်လို့ ထမင်းကျက်ပြီး တဲ့နောက် ထမင်းပေါ်မှာ ကျန်နေတဲ့ အရည်ကြည်လေးကို ခေါ်တာပါ။ ဒီလို ထမင်းရည် ရှားနေတဲ့အချိန်မှာ ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပကို အတော်လေး ကူညီနိုင်တယ်ဆိုတဲ့ အကျိုးကျေးဇူးလေးတွေ တွေ့လာတာကြောင့် အသုံးဝင်ပုံကို တင်ပြလိုက်ရပါတယ်။

၁။ ကြည်လင်သန့်စင်သော မျက်နှာရရှိအောင်

မိန်းကလေးများ မျက်နှာကို သန့်စင် ပြီးတဲ့အခါ အအေးခံထားတဲ့ ထမင်းရည်ကို ဂွမ်းစအနည်းငယ်နဲ့တို့ပြီး မျက်နှာ ပြင်အနှံ့ပွတ်ပေးရင် ထမင်းရည်က Toner အဖြစ်ဆောင်ရွက်ပေးပြီး မျက်နှာကို တင်းရင်းနေစေမှာပါ။ Inositol လို့ခေါ်တဲ့ ဗီတာမင်ဘီ ဓာတ်တစ်မျိုး ကြွယ်ဝတာကြောင့် အိုမင်းရင့်ရော်မှု ဖြစ်စဉ်ကို နှေးစေကာ သွေးလည်ပတ်မှု ကိုလည်း ကောင်းစေပါတယ်။ မျက်နှာ ပေါ်မှာရှိတဲ့ ချွေးပေါက်တွေကို ကျဉ်းစေ ပြီး မျက်နှာကို ဝင်းပအောင်ပြုလုပ်ပေး နိုင်ပါတယ်။ ဒါ့အပြင် ရေဓာတ်ကိုထိန်း သိမ်းပေးနိုင်တဲ့ဓာတ်၊ အင်တီအောက်ဆီ ဒင့်ဓာတ်၊ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူ နိုင်တဲ့ဓာတ်တွေဟာ သဘာဝအရ ကြေး နီဓာတ်ကို စုပ်ယူပေးပြီး မျက်နှာပြင်မှာ မယ်လနင်တွေ စုပုံနေတာနဲ့ အသက်ကြီး လို့ဖြစ်ပေါ်တတ်တဲ့ အနီကွက်တွေမှ ကာကွယ်ပေးပါတယ်။

၂။ ဆံပင်သားအတွက်

ခေါင်းလျှော်ပြီးတဲ့အခါ အေးနေတဲ့ ထမင်းရည် အနည်းငယ်ကို ဆံသားမှာ လိမ်းပေးပြီး မိနစ်အနည်းငယ်ထားပါ။ နည်းနည်းကြာရင် ရေဆေးချလို့ ရပါ တယ်။ထမင်းရည်မှာပါဝင်တဲ့ ပရိုတင်း ဓာတ်က ဆံသားကို ဖြောင့်စင်းစေတဲ့ အပြင် ဆံလုံးကွဲအက်နေတာတွေကိုပါ ပြန်ပြည့်စေပါတယ်။ ရလဒ်ကတော့ ဆံသားဟာ ချောမွတ်ပြောင်လက်နေပြီး အိထွေးနေတာပဲ ဖြစ်ပါတယ်။

၃။ ကိုယ်ခန္ဓာ အတွက်

ထမင်းရည်မှာ ချောမွေ့နေတဲ့ သဘာဝ ရှိတာကြောင့် ခန္ဓာကိုယ်မှာ အဖုအပိမ့် ထွက်တာနဲ့ ကျိန်းစပ်စပ် ဖြစ်နေတဲ့ ဒဏ်ရာတွေ၊ နာကျင်မှု ခံစားနေရတဲ့ အ ရေပြားနေရာတွေမှာ သက်သာစေပါ တယ်။ Brussels University လေ့လာတွေရှိချက်အရ အရေပြားရောဂါရှိ သူတွေနဲ့ နာတာရှည်အရေပြားရောင် ရမ်းသူတွေမှာတစ်နေ့ကို ပုံမှန် နှစ်ကြိမ် တစ်ဆယ့်ငါးမိနစ်ခန့် ထမင်းရည်နဲ့ ဆေး ပေးတာဟာ တိုးတက်မှု ၂၀ ရာခိုင်နှုန်း ထိ ရှိလာတယ်လို့ ဆိုပါတယ်။

၎။ ကျန်းမာရေးအတွက်

ထမင်းရည်ကို သောက်ပေးတဲ့ အလေ့အကျင့်ဟာ အရင်တုန်းက ရှိပေမယ့် အခုတော့ မလုပ်ကြတော့ပါဘူး။ အမှန်တော့ ထမင်းရည်ဟာ အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ သူဟာ မရှိမဖြစ် အမိုနိုအက်စစ် ရှစ်မျိုးပါဝင်တာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ် မှာ တစ်သျှူးနဲ့ ကြွက်သား ပြန်လည်တည် ဆောက်ရာမှာ အထောက်အပံ့ပေးပါတယ်။ နောက်ပြီး ကာဗိုဟိုက်ဒရိတ်လည်း အများအပြား ပါတာကြောင့် လိုအပ်တဲ့ စွမ်းအင်ဖြစ်ပေါ်ဖို့ ကူညီပေးနိုင်ပါတယ်။ ဝမ်းလျှောတာကိုလည်း သက်သာစေတဲ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းလို့ ကုသတဲ့နေရာမှာ အသုံးဝင်တယ် လို့ဆိုပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ကိုလည်း ကာကွယ်ပေးနိုင် ပါတယ်။ ကိုယ် အပူချိန်ကျစေတဲ့အပြင် ကင်ဆာကြောင့် ဖြစ်တဲ့ သွေးဖိအားတိုးတာတွေမှလည်း ကာကွယ်ပေးနိုင်တယ်လို့ လေ့လာတွေ့ ရှိချက်တွေအရ သိရပါတယ်။ ဒါကြောင့် အလှအပအတွက်သာမက ကျန်းမာရေး အတွက်ပါ အသုံးတည့်လှတဲ့ ထမင်းရည် ကို လက်တွေ့အသုံးချနိုင်ဖို့ အကြံပေး လိုက်ရပါတယ်။

ပြုလုပ်နည်း

ထမင်းချက်တဲ့အခါ ရေအနည်းငယ် ပိုထည့်ပြီး ကျက်တဲ့အခါ ပိုနေတဲ့အရည် ကြည်လေးကို အဖုံးပါတဲ့ ကရားလေးထဲ မှာထည့်ပါ။ ရေခဲသေတ္တာထဲမှာ အအေး ခံပြီးရင်တော့သုံးလို့ရပါပြီ။

AIDS ရောဂါပိုးထက် ပို၍ ကြောက်စရာ ကောင်းသော ရောဂါပိုးသစ် တစ်မျိုး ဆရာဝန်များ ရှာဖွေ တွေ့ရှိ

လိင်မှတစ်ဆင့် ကူးစက်တတ်သော Gonorrhoea HO41 ပိုးသစ်တစ်မျိုး သည် ဆေးမတိုးတော့သော ရောဂါပိုးသစ် တစ်မျိုးဖြစ်ပြီး AIDS ရောဂါပိုးထက် ပို၍ ဆိုးရွားစေနိုင်သည့် အလားအလာ ရှိကြောင်း အမေရိကန်ပြည်ထောင်စုမှ ဆရာဝန်များက သတိပေးပြောကြား ထားသည်။

အဆိုပါ ရောဂါပိုးကို လွန်ခဲ့သော နှစ်နှစ်က ဂျပန်နိုင်ငံရှိ ပြည့်တန်ဆာ အမျိုးသမီး တစ်ဦးထံမှ ပထမဆုံး ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး ၎င်းရောဂါပိုးသည် ခုခံအားကျဆင်းမှုကို ပို၍ဖြစ်ပွား နိုင်ခြေ ရှိကြောင်း အမေရိကန် အမျိုးသား လိင် ကျန်းမာရေး ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့မှ ဝီလျံစမစ်က သတိပေး ပြောကြားခဲ့သည်။

၎င်းရောဂါပိုးသစ်ကို ပျောက်ကင်းအောင် ကုသနိုင်မည့် ဆေးဝါးတစ်မျိုးကို ယခုထိတိုင်အောင် ဖော်ထုတ်နိုင်ခြင်း မရှိသေး သော်လည်း စမ်းသပ် စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင် သွားရန်လို အပ်ကြောင်း မစ္စတာ စမစ်က ပြောကြား ထားသည်။

အဆိုပါ ရောဂါပိုးသစ်သည် အမေရိကန် နိုင်ငံအတွင်းသို့ ဝင်ရောက်လာနိုင်ကြောင်း၊ အကယ်၍ ရောဂါပိုးကူးစက် ပျံ့နှံ့ လာပြီးနောက် ထိရောက်စွာ ကာကွယ်နိုင်စွမ်းမရှိပါက ၎င်းရောဂါပိုးကို ကုသရန် အမေရိကန် ဒေါ်လာ သန်း ၇၈ဝ ကုန်ကျနိုင်ဖွယ်ရှိကြောင်း မစ္စတာ စမစ်က အခိုင်အမာ ပြောကြား ထားသည်။

၎င်းရောဂါပိုးသည် လူအများအပြားကို လျင်မြန်စွာ ကူးစက် နိုင်သောကြောင့်AIDS ရောဂါပိုး ထက်ပို၍ ကြောက်မက် ဖွယ်ကောင်းကြောင်း naturopathic ဆေးဝါးဌာနမှ ဆရာဝန် တစ်ဦးဖြစ်သူ အလန်ခရစ် စတင်းစန်းက CNBC သတင်း ဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါ ရောဂါပိုးသစ် ကူးစက်ခြင်းကြောင့် သားအိမ် မျိုးဥပြွန်နှင့် မျိုးဥအိမ် လတ်တလော နာတာရှည် ရောဂါပိုးဝင် ရောက်ခြင်း၊ သားအိမ်တွင် မဟုတ်သော အခြားနေရာ တစ်ခုတွင် သန္ဓေ တည်ခြင်းနှင့် သားသမီး မရနိုင်ခြင်း စသော ရောဂါများကို ဖြစ်စေနိုင်သည်။

Wednesday 2 October 2013

ဆင်ခြေထောက်ရောဂါကာကွယ်ဆေးသောက်ပြီး အရက်သောက်သဖြင့်လေဖြတ်/အကြောဆွဲ


နေပြည်တော်၊ အောက်တိုဘာ ၂

၃၀-၉-၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်နေ ဗဒင်(ခ)နေသီဟစိုး(၁၆)နှစ်ပါ ၆ ဦးသည် အရက်သောက်ပြီးနောက် ၂၀၀၀ အချိန်တွင် ဦးခေါင်းစောင်း၍ လျှာလိပ်ပြီး လေဖြတ်သည့်ဝေဒနာခံစားရသောကြောင့် စံပြဆေးရုံ၊ ဖျားနာဆောင်၌ အတွင်းလူနာအဖြစ်ကုသလျက်ရှိကြောင်းသတင်းအရ ၂၂၀၀ အချိန် တောင်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့နှင့် အဖွဲ့မှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ အဆိုပါလူငယ် ၆ ဦးသည် လွန်ခဲ့သောတစ်ရက်၊ နှစ်ရက်ခန့်က ဆင်ခြေထောက်ရောဂါကာကွယ်ဆေးသောက်ခဲ့ပြီး အရက်သေစာသောက်စားရာမှ ယခုကဲ့သို့ဖြစ်ပွားကြောင်း သိရှိရသည်။

ထို့အတူ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်နေ ဆန်းဝင်းခိုင်(၂၃)နှစ်သည် ၂၉-၉-၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန်က ဆင်ခြေထောက်ရောဂါကာကွယ်ဆေးသောက်ပြီးမကြာခင် အရက်သေစာ သောက်စားခဲ့သဖြင့် ၃၀-၉-၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန်တွင် အိပ်ရာထဲ၌ပက်လက်လန်ကာ အကြောဆွဲနေသည်ကိုတွေ့ရရှိသဖြင့် မိခင်ဖြစ်သူမှ စံပြဆေးရုံသို့တင်ပို့ကုသခဲ့ရကြောင်း သတင်းရရှိသည်။

Tuesday 1 October 2013

HIV ဗိုင်းရပ်ကိုဖယ်ရှားနိုင်စွမ်း ရှိတဲ့ ဆေးသစ်တစ်မျိုးကို ဖော်ထုတ် နိုင်ပြီ


HIV ဗိုင်းရပ်ကိုဖယ်ရှားနိုင်စွမ်း ရှိတဲ့ ဆေးသစ်တစ်မျိုးကို ဖော်ထုတ် နိုင်ပြီလို့ သုတေသနတစ်ရပ်မှာ ဖော် ပြထားပါတယ်။ ဒီဆေးသစ်ကို OHSV’s Vaccine and  Gene Therapy Institute က ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါသည်။

ဒီသုတေသနမှာ တွေ့ရှိခဲ့တဲ့ ဆေးသစ်ဟာ မျောက်တွေကို AIDS ဖြစ်စေတဲ့ SIV, simian immunode ficiency virus ကို ဖယ်ရှားနိုင်တယ် ဆိုတာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ လူ့ ခန္ဓာကိုယ်က HIV  ဗိုင်းရပ်ကိုလည်း လုံးဝဖယ်ရှားနိုင်လိမ့်မယ်လို့ သုတေသနပညာရှင် တွေယုံကြည်ထားကြ ပါတယ်။

ဆေးသစ်ဟာ SIV  ဗိုင်းရပ်ကူး စက်နေတဲ့ ဆဲလ်တွေကို ဖယ်ရှားရှင်း လင်းစေဖို့ သွေးဆဲလ် T cell ကို အာနိသင်ထက်မြက်တဲ့ effector memory T cell  အဖြစ် အသွင် ပြောင်းပေးနိုင်တယ်လို့ ဆိုထားပါ တယ်။ T cell တွေဟာ ခုခံအားစနစ် မှာ အရေးပါတဲ့ ဆဲလ်တစ်မျိုးဖြစ်ပြီး သူမပါဝင်ဘဲနဲ့ ဗိုင်းရပ်တွေကို နှိမ် နင်းဖို့မဖြစ်နိုင်ပါဘူး။ ဒီဆေးသစ်ဟာ SIV ကို မျိုးဗီဇပြောင်းထားတဲ့ ဗိုင်း ရပ်ရယ် cytomegalovirus ကို အသွင်းပြောင်းထားတဲ့ ဗိုင်းရပ်ကို ပေါင်းစပ်ထားတဲ့ ဆေးဖြစ်ပါတယ်။

လေ့လာမှုမှာ SIV  ကူးစက် နေတဲ့ မျောက်တွေဟာ ဒီဆေးထိုးပြီး အချိန် ကာလတစ်ခုအတွင်းမှာ ဗိုင်း ရပ်တွေ၎င်းင်းတို့ရဲ့ ကိုယ်ခန္ဓာအတွင်း ကနေ လုံးဝပျောက်သွားတယ်ဆိုတာ ကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် HIV  ပိုးကူးစက်ခြင်းကို တိုက်ဖျက် နိုင်စွမ်းကိုတော့ ဆက်လက်လေ့လာ နေကြပါတယ်။
ဒီလေ့လာမှုကို Journal of Nature မှာဖော်ပြထားပါတယ်။
Related Posts Plugin for WordPress, Blogger...

ဆက်သွယ်ရန်

foxyform