ထွေရာလေးပါး ဖါးအောက်သား မှ လှိုက်လှဲစွာကြိုဆိုပါသည်။

Wednesday 2 October 2013

ဆင်ခြေထောက်ရောဂါကာကွယ်ဆေးသောက်ပြီး အရက်သောက်သဖြင့်လေဖြတ်/အကြောဆွဲ


နေပြည်တော်၊ အောက်တိုဘာ ၂

၃၀-၉-၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်နေ ဗဒင်(ခ)နေသီဟစိုး(၁၆)နှစ်ပါ ၆ ဦးသည် အရက်သောက်ပြီးနောက် ၂၀၀၀ အချိန်တွင် ဦးခေါင်းစောင်း၍ လျှာလိပ်ပြီး လေဖြတ်သည့်ဝေဒနာခံစားရသောကြောင့် စံပြဆေးရုံ၊ ဖျားနာဆောင်၌ အတွင်းလူနာအဖြစ်ကုသလျက်ရှိကြောင်းသတင်းအရ ၂၂၀၀ အချိန် တောင်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့နှင့် အဖွဲ့မှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ အဆိုပါလူငယ် ၆ ဦးသည် လွန်ခဲ့သောတစ်ရက်၊ နှစ်ရက်ခန့်က ဆင်ခြေထောက်ရောဂါကာကွယ်ဆေးသောက်ခဲ့ပြီး အရက်သေစာသောက်စားရာမှ ယခုကဲ့သို့ဖြစ်ပွားကြောင်း သိရှိရသည်။

ထို့အတူ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်နေ ဆန်းဝင်းခိုင်(၂၃)နှစ်သည် ၂၉-၉-၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန်က ဆင်ခြေထောက်ရောဂါကာကွယ်ဆေးသောက်ပြီးမကြာခင် အရက်သေစာ သောက်စားခဲ့သဖြင့် ၃၀-၉-၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန်တွင် အိပ်ရာထဲ၌ပက်လက်လန်ကာ အကြောဆွဲနေသည်ကိုတွေ့ရရှိသဖြင့် မိခင်ဖြစ်သူမှ စံပြဆေးရုံသို့တင်ပို့ကုသခဲ့ရကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဆက်သွယ်ရန်

foxyform