ထွေရာလေးပါး ဖါးအောက်သား မှ လှိုက်လှဲစွာကြိုဆိုပါသည်။

Friday 27 September 2013

ကလေးငယ်များ လေထိုးလေအောင့်လျှင်

- အစာအလွန်အကျွံမကျွေးပါနှင့်။ ပုံမှန်နို့တိုက်ချိန်အတိုင်း၊ အစာကျွေး ချိန်အတိုင်းတိုက်ကျွေးပါ။ မိခင်နို့ မှလွဲပြီး အချိုရည်များမတိုက်ပါနှင့်။
- နို့မှုန့်တိုက်ကျွေးသည့်ကလေးများ မကြာခဏလေထိုးလေအောင့်ပါက  whey hydrosylate ပါဝင်သော နို့မှုန့်ကိုပြောင်းတိုက်ပါ။
- ပုခက်လွှဲခြင်း၊ ချီပိုးချော့မြူခြင်း၊ သီချင်းဖွင့်ခြင်း၊ ရုပ်မြင်သံကြားဖွင့် ခြင်း စသည်တို့သည်လည်း ကလေး ငယ်ကို အာရုံလွှဲထားနိုင်ပြီး အငို တိတ်စေသည်။
- မိခင်နို့ကောင်းစွာထွက်စေရန် မိ ခင်များအနေနှင့် နွားနို့နှင့်နို့ထွက် ပစ္စည်းများ မရမကစားသုံးရန်မလိုပါ။ နို့ထွက်ပစ္စည်းအလွန်အကျွံစားသုံးပါက ကလေးငယ်တွင် မကြာခဏဗိုက် အောင့်စေသည်။ ကဖင်း၊ ကြက်သွန် နီ၊ ဂေါ်ဖီ၊ ပဲ၊ ပန်းဂေါ်ဖီ၊ အကြပ် ကြော်များစသည့် ဗိုက်ပွစေသည့် အစာများအား မိခင်ကော ကလေး ပါရှောင်ပါ။
-Simethicone ပါဝင်သော ဆေးဝါးများသည်လည်း လေထိုးလေအောင့် သက်သာစေသည်။ သို့သော် အရွယ်ရောက်သူများတွင် အသုံးပြု လေ့ရှိသည့် hyoscine ပါဝင်သော ဆေးများသည် ကလေးငယ်များတွင် ဘေးထွက်ဆိုးကျိုးကြီးကြီးမားမား ဖြစ်စေသည်။
- အစာခြေစနစ်ကို အထောက်အ ပံ့ဖြစ်စေသည့် အကျိုးပြုဘက်တီးရီး ယားများပါဝင်သော probiotic ဆေးများကို မိသားစုဆရာဝန်နှင့် တိုင်ပင်ပြီး အသုံးပြုနိုင်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ဆက်သွယ်ရန်

foxyform