ကိုယ်ဝန်ဆောင်ကာလမှာ နွား နို့သောက်သုံးပေးတဲ့ မိခင်တွေက မွေးဖွားတဲ့ ရင်သွေးငယ်တွေဟာ နွား နို့မသောက်တဲ့ မိခင်တွေရဲ့ ရင်သွေး ငယ်တွေထပ်ပိုအရပ်ရှည် တယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါ တယ်။ယခင်လေ့လာမှုများအရ မိခင် လောင်းတွေ နွားနို့သောက်သုံးပေးရင် ကလေးငယ်ကို အလေးချိန်တိုးပြီး လျင် လျင်မြန်မြန်ကြီးထွားနိုင်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပြီး ဖြစ်ပါ တယ်။
ကိုယ်ဝန်ဆောင်နေစဉ်ကအတွင်းမှာနေစဉ် ၁၅၀မီလီမီတာ (တစ်ပိုင့်ရဲ့ လေးပုံတစ်ပုံ) ပမာဏရှိ တဲ့ နွားနို့ကို သောက်သုံးပေးမယ်ဆိုရင် နွားနို့လုံး လုံးမသောက်သူ၊ အဲဒီပမာဏထက် လျော့နည်းပြီး သောက်သုံးတဲ့မိခင် တွေရဲ့ ရင်သွေးငယ်တွေထက် အရပ် ပိုရှည်တဲ့ သားသမီးတွေကို ပိုင်ဆိုင် ခွင့်ရနိုင်တယ်လို့ သုတေသီတွေက ပြောကြားထားပါတယ်။ ဒီလေ့လာ မှုမှာအမေရိကန်၊ ဒိန်းမတ်နဲ့ အိုက် စလန်နိုင်ငံက အာဟာရဗေဒ ပညာ ရှင်တွေဟာ ၁၉၈၈ခုနှစ်နဲ့ ၁၉၈၉ခုနှစ် အတွင်းမွေးဖွားခဲ့တဲ့ ကလေးငယ် ၈၀၉ ဦးရဲ့ မွေးကင်းစ အခြေအနေနဲ့ အသက် ၂၀ကျော်အရွယ်မှာ အရပ် အမြင့်ကို သုံးသပ်လေ့လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီသုတေ သနအဖွဲ့ဟာ နွားနို့သောက်သုံးပေး တဲ့ မိခင်တွေရဲ့ ရင်သွေးငယ်တွေဟာ ဉာဏ်ရည်ပိုမို မြင့်မားတယ်ဆိုတာ သုတေသနပြုနိုင် ခဲ့ပြီးဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment